ပျင်းရိသောသူ၏စိတ်ဝိညာဉ်သည် တောင့်တသော်လည်း မည်သည့်အရာကိုမျှမရနိုင်။ ဝီရိယရှိသောသူတို့၏စိတ်ဝိညာဉ်မူကား ကြွယ်ဝလိမ့်မည်။
ယောရှု 7:3 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့သည် ယောရှုထံပြန်လာ၍ “အာဣမြို့သို့ လူအားလုံး ချီတက်သွားရန်မလိုပါ။ လူနှစ်ထောင်၊ သုံးထောင်ခန့်ဖြင့်တိုက်လျှင် အောင်နိုင်ပါသည်။ လူအားလုံးကို မပင်ပန်းစေပါနှင့်။ ထိုမြို့သားတို့သည် လူနည်းစုသာဖြစ်ပါသည်”ဟု ဆိုကြ၏။ Common Language Bible သူတို့သည်ယင်းသို့ထောက်လှမ်းပြီးနောက် ယောရှုထံသို့ပြန်လာပြီးလျှင်``အာဣမြို့ ကိုအကျွန်ုပ်တို့အားလုံးချီတက်တိုက်ခိုက် ရန်မလိုပါ။ လူနှစ်ထောင်သုံးထောင်ခန့်စေ လွှတ်လျှင်လုံလောက်ပါ၏။ စစ်တပ်တစ်တပ် လုံးစေလွှတ်ရန်မလိုအပ်ပါ။ ထိုမြို့သည် မြို့ကြီးမဟုတ်ပါ'' ဟူ၍ပြန်ကြားကြ လေသည်။- Garrad Bible အာ ဣ မြို့ သို့ သွား ရောက် စူး စမ်း ပြီး မှ ယော ရှု ထံ ပြန် ရောက် လျှင် ထို မြို့ သား တို့ နည်း ပါး သော ကြောင့် တစ် တပ် လုံး ချီ၍ အ ပန်း မ ခံ စေ ဘဲ လူ နှစ် ထောင် သုံး ထောင် သာ အာ ဣ မြို့ သို့ ချီ တက် တိုက် ခိုက် ကြ စေ ဟု အ ကြံ ပေး သည့် အ တိုင်း၊ Judson Bible ယောရှုထံသို့ ပြန်လာ၍၊ ဤလူတို့ကို အကုန်အစင် မသွားပါစေနှင့်။ လူနှစ်ထောင် သုံးထောင်လောက်သွား၍ အာဣမြို့ကို လုပ်ကြံပါစေ။ ထိုမြို့သို့ သွားရာတွင် ဤလူအပေါင်းတို့ကို မပင်ပန်းပါစေနှင့်။ မြို့သားတို့သည်မများပါဟု လျှောက်သည်နှင့်အညီ၊ |
ပျင်းရိသောသူ၏စိတ်ဝိညာဉ်သည် တောင့်တသော်လည်း မည်သည့်အရာကိုမျှမရနိုင်။ ဝီရိယရှိသောသူတို့၏စိတ်ဝိညာဉ်မူကား ကြွယ်ဝလိမ့်မည်။
ပျင်းရိသောသူ၏လက်သည် အလုပ်လုပ်ရန်ငြင်းဆန်သောကြောင့် သူ၏အလိုဆန္ဒသည် သူ့ကိုသေစေတတ်၏။
“ကျဉ်းသောတံခါးမှဝင်ရန် ကြိုးစားကြလော့။ အကြောင်းမူကား လူများစွာတို့သည် ဝင်ရန်ရှာကြံကြသော်လည်း မဝင်နိုင်ကြဟု သင်တို့အား ငါဆို၏။
ထို့ကြောင့် သူတို့၏မနာခံမှုပုံစံကိုလိုက်၍ ပြိုလဲမည့်သူတစ်စုံတစ်ဦးမျှမရှိဘဲ ထိုငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်နိုင်မည့်အကြောင်း ငါတို့ကြိုးစားအားထုတ်ကြကုန်စို့။
ယောရှုသည် ဂျေရိခေါမြို့မှ ဗေသလမြို့အရှေ့ဘက်၊ ဗေသဝင်မြို့အနီးရှိ အာဣမြို့သို့ လူလွှတ်၍ “ထိုအရပ်သို့သွားပြီး စူးစမ်းကြလော့”ဟု မှာလိုက်လေ၏။ သူတို့သည်လည်း သွား၍ အာဣမြို့ကို စူးစမ်းကြ၏။
ထို့ကြောင့် လူများထဲမှ သုံးထောင်ခန့်သာ ထိုအရပ်ကို သွားတိုက်ကြ၏။ သို့ရာတွင် သူတို့သည် အာဣမြို့သားတို့ထံမှ ထွက်ပြေးကြရ၏။
ထို့ကြောင့် ညီအစ်ကိုတို့၊ သင်တို့ခံရသော ခေါ်ယူတော်မူခြင်းနှင့်ရွေးကောက်တော်မူခြင်းကို တည်မြဲစေရန် သာ၍ကြိုးစားကြလော့။ အကြောင်းမူကား ထိုသို့ပြုနေသရွေ့ သင်တို့သည် မည်သည့်အခါမျှ မှားယွင်းကြမည်မဟုတ်။
ဤအကြောင်းကြောင့် သင်တို့၏ယုံကြည်ခြင်း၌ ကောင်းမြတ်ခြင်းကိုလည်းကောင်း၊ ကောင်းမြတ်ခြင်း၌ အသိပညာကိုလည်းကောင်း၊