ယောရှုသည် လူတို့ကိုစေလွှတ်သဖြင့် သူတို့သည် တဲသို့အပြေးသွားကြ၏။ ထိုပစ္စည်းတို့သည် အာခန်၏တဲအတွင်း၌ ဝှက်ထားလျက် ငွေသည် အောက်ဆုံး၌ရှိသည်ကို တွေ့ရ၏။
ထိုအခါယောရှုသည်လူအချို့ကိုစေခိုင်း သဖြင့် သူတို့သည်အာခန်၏တဲသို့ပြေးသွား ကြ၏။ တဲအတွင်း၌အာခန်ထုတ်ဖော်ပြောပြ သည့်အတိုင်းဖျက်ဆီးရမည့်ပစ္စည်းများကို တွေ့ရကြလေသည်။-
ယော ရှု စေ လွှတ် သူ တို့ သည် အ သော့ သွား၍၊ တဲ အ တွင်း ငွေ အောက် ဆုံး မြှုပ် ထား သော အ ရာ များ ကို တွေ့ သ ဖြင့်
ထိုအခါ ယောရှုစေလွှတ်သောသူတို့သည် တဲသို့ပြေး၍ ထိုဥစ္စာသည် တဲအတွင်းမြေ၌မြှုပ်လျက်၊ ငွေသည် အောက်ဆုံးရှိသည်ကို တွေ့သော်၊
သို့ဖြစ်၍ သင်၏ဘုရားသခင်ထာဝရဘုရား သင့်အား အမွေအဖြစ် အပိုင်ပေးတော်မူသောပြည်၌ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ပတ်ပတ်လည်ရှိ ရန်သူအပေါင်းတို့ဘေးမှ ကင်းဝေးစေတော်မူသောအခါ အာမလက်လူမျိုးတို့နှင့်ဆိုင်သောအမှတ်ရစရာအား မိုးကောင်းကင်အောက်မှ ပျောက်ပျက်စေရမည်ကို မမေ့လျော့နှင့်။
အကျွန်ုပ်သည် တိုက်ယူသောပစ္စည်းထဲ၌ လှပသောရှိနာပြည်သားဝတ်လုံတစ်ထည်၊ ငွေရှယ်ကယ်နှစ်ရာနှင့် အလေးချိန်ရှယ်ကယ်ငါးဆယ်ရှိသောရွှေချောင်းတစ်ချောင်းကို တွေ့သောအခါ တပ်မက်စိတ်ဝင်၍ ယူမိပါပြီ။ အကျွန်ုပ်၏တဲအတွင်း မြေအောက်၌ဝှက်ထားလျက်ရှိပါ၏။ ငွေသည် အောက်ဆုံး၌ ရှိပါ၏”ဟု ပြန်ဖြေလေ၏။
သူတို့သည် တဲထဲမှထိုပစ္စည်းတို့ကိုယူ၍ ယောရှုနှင့်အစ္စရေးအမျိုးသားအပေါင်းတို့ထံသို့ယူဆောင်လာပြီး ထာဝရဘုရားရှေ့တော်၌ ချထားကြ၏။