ထို့နောက်မှ လက်၌ကြိုးအနီချည်ထားသောကလေးသည် မွေးလာ၏။ ထိုသား၏အမည်ကို ဇေရ ဟုမှည့်ခေါ်လေ၏။
ယောရှု 7:17 - မြန်မာ့စံမီသမ္မာကျမ်း ယုဒအမျိုးအနွယ်ကို ချဉ်းကပ်စေရာ ဇေရမျိုးနွယ်စုသည် ရွေးထုတ်ခံရ၏။ ဇေရမျိုးနွယ်စုကို အိမ်ထောင်စုအလိုက် ချဉ်းကပ်စေရာ ဇာဗဒိအိမ်ထောင်စု ရွေးထုတ်ခံရ၏။ Common Language Bible ယုဒအနွယ်မှသားချင်းစုတို့ရှေ့တော်သို့ ထွက်လာသောအခါ ဇေရသားချင်းစုမဲကျ လေ၏။ ဇေရသားချင်းစုမှမိသားစုများ ရှေ့တော်သို့ထွက်စေရာဇာဗဒိမိသားစုကို မဲကျလေ၏။- Garrad Bible မဲ ကျ သော ယု ဒ အ နွယ် အ နက်၊ ယု ဒ အ ဆက် များ ကိုလည်း ကောင်း၊ မဲ ကျ သော ဇေ ရ အ ဆက် အ နက်၊ အိမ် ထောင် များ ကို လည်း ကောင်း၊ မဲ ကျ သော ဇာ ဗ ဒိ အိမ် ထောင် အ နက်၊ လူ အ စဉ် အ လိုက် ကိုလည်း ကောင်း၊ ချဉ်း ကပ် စေ ရာ၊ Judson Bible ယုဒအမျိုးကို ဆောင်ခဲ့သဖြင့်၊ ဇေရိအဆွေအမျိုးကို မှတ်တော်မူ၏။ ဇေရိအဆွေအမျိုး အိမ်ထောင်စုံ အသီးအသီးတို့ကို ဆောင်ခဲ့သဖြင့် ဇာဗဒိအိမ်ထောင်ကို မှတ်တော်မူ၏။ |
ထို့နောက်မှ လက်၌ကြိုးအနီချည်ထားသောကလေးသည် မွေးလာ၏။ ထိုသား၏အမည်ကို ဇေရ ဟုမှည့်ခေါ်လေ၏။
ဇေရမှဆင်းသက်သော ဇေရမျိုးနွယ်စု၊ ရှောလမှဆင်းသက်သော ရှောလမျိုးနွယ်စု တို့ဖြစ်ကြ၏။
မျိုးနွယ်စုအလိုက် ယုဒ၏အမျိုးအနွယ်များကား ရှေလမှဆင်းသက်သော ရှေလမျိုးနွယ်စု၊ ဖာရက်မှဆင်းသက်သော ဖာရက်မျိုးနွယ်စု၊ ဇေရမှဆင်းသက်သော ဇေရမျိုးနွယ်စု တို့ဖြစ်ကြ၏။
ယောရှုသည်လည်း နံနက်စောစောထ၍ အစ္စရေးလူမျိုးတို့ကို အမျိုးအနွယ်အလိုက် ချဉ်းကပ်စေရာ ယုဒအမျိုးအနွယ်သည် ရွေးထုတ်ခံရ၏။
ဇာဗဒိအိမ်ထောင်စုကို တစ်ယောက်ချင်းစီ ချဉ်းကပ်စေရာ ယုဒအမျိုးအနွယ်ထဲမှ ဇေရ၏မြစ်၊ ဇာဗဒိ၏မြေး၊ ကာမိ၏သား အာခန်သည် ရွေးထုတ်ခံရ၏။