ထိုသို့ပြုလျှင် သင်၏အလင်းသည် အရုဏ်ဦးအလင်းကဲ့သို့ ထွက်ပေါ်လာမည်။ သင်၏အနာရောဂါသည် အလျင်အမြန်ပျောက်ကင်းမည်။ သင်၏ဖြောင့်မတ်ခြင်းသည် သင့်ရှေ့၌သွားမည်။ ထာဝရဘုရား၏ဘုန်းအသရေသည် သင့်ကို အနောက်မှကာကွယ်တော်မူမည်။
ယောရှု 6:9 - မြန်မာ့စံမီသမ္မာကျမ်း တံပိုးမှုတ်သောယဇ်ပုရောဟိတ်တို့သည် တံပိုးမှုတ်လျက်ချီတက်ကြစဉ် လက်နက်ကိုင်တပ်သားတို့သည် သူတို့ရှေ့မှချီသွားကြ၏။ နောက်ရံတပ်သားတို့ကား သေတ္တာတော်နောက်မှ ချီသွားကြ၏။ Garrad Bible တံ ပိုး မှုတ် လျက် သွား မြဲ သွား သော ပ ရော ဟိတ် တို့ ရှေ့၊ လက် နက် ကိုင် တို့ ချီ သွား သော်၊ တပ် မ လည်း သေ တ္တာ တော် နောက် လိုက် ချီ ရ၏။ Judson Bible တံပိုးမှုတ်သော ယဇ်ပုရောဟိတ်တို့ရှေ့မှာ လက်နက်ကိုင်တို့သည်သွား၍၊ ယဇ်ပုရောဟိတ်များ တံပိုးမှုတ်လျက်သွားကြစဉ်၊ နောက်တပ်သားတို့သည် သေတ္တာတော်နောက်သို့ လိုက်ကြ၏။ |
ထိုသို့ပြုလျှင် သင်၏အလင်းသည် အရုဏ်ဦးအလင်းကဲ့သို့ ထွက်ပေါ်လာမည်။ သင်၏အနာရောဂါသည် အလျင်အမြန်ပျောက်ကင်းမည်။ သင်၏ဖြောင့်မတ်ခြင်းသည် သင့်ရှေ့၌သွားမည်။ ထာဝရဘုရား၏ဘုန်းအသရေသည် သင့်ကို အနောက်မှကာကွယ်တော်မူမည်။
ဒန်၏သားမြေးတို့သည် မိမိတို့တပ်ဖွဲ့အလိုက် တပ်စခန်းအလံနှင့်တကွ တပ်စခန်းအားလုံးကိုအကာအကွယ်အဖြစ် နောက်ဆုံးမှ ခရီးပြုကြ၏။ ထိုတပ်ဖွဲ့ကို အမိရှဒ္ဒဲ၏သား အဟေဇာ ဦးစီး၏။
ယောရှုက လူတို့အား “ ‘ကြွေးကြော်ကြလော့’ဟု ငါအမိန့်မပေးမချင်း သင်တို့မကြွေးကြော်ရ။ အသံမပြုရ။ နှုတ်မှ စကားတစ်ခွန်းမျှ မထွက်ရ။ ငါအမိန့်ပေးမည့်နေ့ရောက်မှ သင်တို့ကြွေးကြော်ရမည်”ဟု မှာကြား၏။
ထာဝရဘုရား၏ရှေ့တော်မှ သိုးချိုတံပိုးခုနစ်ခုကို ကိုင်ဆောင်သောယဇ်ပုရောဟိတ်ခုနစ်ပါးတို့သည် တံပိုးကို အဆက်မပြတ်မှုတ်၍ချီသွားကြ၏။ ထိုစဉ် လက်နက်ကိုင်တပ်သားတို့သည် သူတို့ရှေ့မှ ချီသွားကြ၏။ နောက်ရံတပ်သားတို့သည် ထာဝရဘုရား၏သေတ္တာတော်နောက်မှချီသွားကြ၏။
ထိုသို့ ယောရှုက လူတို့အားမှာကြားပြီးသည်နှင့် ထာဝရဘုရားရှေ့မှ သိုးချိုတံပိုးခုနစ်ခုကိုကိုင်ဆောင်သော ယဇ်ပုရောဟိတ်ခုနစ်ပါးတို့သည် တံပိုးကိုမှုတ်လျက် ချီသွားကြ၏။ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်သည် သူတို့နောက်မှပါလာ၏။