သေတ္တာကိုထမ်းရန် ထမ်းပိုးတို့ကို သေတ္တာ၏ဘေးတစ်ဖက်တစ်ချက်ရှိကွင်းများထဲသို့ လျှိုထားရမည်။
ယောရှု 6:6 - မြန်မာ့စံမီသမ္မာကျမ်း နုန်၏သားယောရှုသည် ယဇ်ပုရောဟိတ်တို့ကိုခေါ်၍ “သင်တို့သည် ပဋိညာဉ်သေတ္တာတော်ကို ထမ်းသွားရမည်။ သင်တို့တွင် ယဇ်ပုရောဟိတ်ခုနစ်ပါးတို့သည် သိုးချိုတံပိုးခုနစ်ခုကို ကိုင်ဆောင်၍ ထာဝရဘုရား၏သေတ္တာတော်ရှေ့မှ သွားရမည်”ဟု မှာကြားလေ၏။ Common Language Bible ယောရှုသည်ယဇ်ပုရောဟိတ်များကိုခေါ်ပြီး လျှင်``ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်ကြ လော့။ သင်တို့အနက်ခုနစ်ယောက်တို့သည် တံပိုးခရာများကိုကိုင်လျက် ပဋိညာဉ် သေတ္တာတော်ရှေ့ကသွားကြလော့'' ဟုမှာ ကြား၏။- Garrad Bible နုန့် သား ယော ရှု သည် ပ ရော ဟိတ် တို့ ကို ခေါ် ပြီး လျှင်၊ ပ ဋိ ညာဉ် တော် သေ တ္တာ ကို ပင့် ဆောင်၍ ထာ ဝ ရ ဘု ရား၏ သေ တ္တာ တော် ရှေ့ သိုးချို တံ ပိုး ခု နစ် လက် ကိုင် ပ ရော ဟိတ် ခု နစ် ပါး တို့ ဦး တည် ကြ စေ ဟု မိန့် ဆို လေ ၏။ Judson Bible နုန်၏သားယောရှုသည် ယဇ်ပုရောဟိတ်တို့ကိုခေါ်၍၊ သင်တို့သည် ပဋိညာဉ်သေတ္တာတော်ကိုထမ်းသွားသဖြင့်၊ ထာဝရဘုရား၏သေတ္တာတော်ရှေ့မှာ ခုနစ်ယောက်တို့သည် ယုဘိလတံပိုးခုနစ်လုံးကို ဆောင်သွားကြလော့ဟူ၍လည်းကောင်း၊ |
သေတ္တာကိုထမ်းရန် ထမ်းပိုးတို့ကို သေတ္တာ၏ဘေးတစ်ဖက်တစ်ချက်ရှိကွင်းများထဲသို့ လျှိုထားရမည်။
ရှောလုသည် သခင်ဘုရား၏တပည့်တော်တို့ကို ခြိမ်းခြောက်၍သတ်ဖြတ်ရန် စိတ်ဆန္ဒပြင်းပြလျက်ရှိသေး၏။ သူသည် ယဇ်ပုရောဟိတ်မင်းထံသို့ ချဉ်းကပ်လျက်
သင်တို့သည် ဂျော်ဒန်မြစ်ကိုကူး၍ ဂျေရိခေါမြို့သို့ရောက်သောအခါ ဂျေရိခေါမြို့သားတို့အပါအဝင် အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ ဂိရဂါရှိလူမျိုး၊ ဟိဝိလူမျိုးနှင့် ယေဗုသိလူမျိုးတို့သည် သင်တို့ကိုတိုက်ခိုက်ကြ၏။ ထိုသူတို့ကိုလည်း သင်တို့လက်သို့ ငါအပ်၏။
လူအပေါင်းတို့အား “သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်နှင့် သေတ္တာတော်ကိုသယ်ဆောင်သောလေဝိအမျိုးသားယဇ်ပုရောဟိတ်တို့ကို မြင်သောအခါ ကိုယ့်နေရာမှထွက်၍ သေတ္တာတော်နောက်သို့လိုက်ကြရမည်။
တစ်ဖန် ယောရှုက ယဇ်ပုရောဟိတ်တို့အား “ပဋိညာဉ်သေတ္တာတော်ကိုထမ်း၍ လူတို့ရှေ့မှကူးသွားကြလော့”ဟု ဆိုသဖြင့် သူတို့သည် ပဋိညာဉ်သေတ္တာတော်ကိုထမ်း၍ လူတို့ရှေ့မှကူးသွားကြ၏။
ထာဝရဘုရား၏ရှေ့တော်မှ သိုးချိုတံပိုးခုနစ်ခုကို ကိုင်ဆောင်သောယဇ်ပုရောဟိတ်ခုနစ်ပါးတို့သည် တံပိုးကို အဆက်မပြတ်မှုတ်၍ချီသွားကြ၏။ ထိုစဉ် လက်နက်ကိုင်တပ်သားတို့သည် သူတို့ရှေ့မှ ချီသွားကြ၏။ နောက်ရံတပ်သားတို့သည် ထာဝရဘုရား၏သေတ္တာတော်နောက်မှချီသွားကြ၏။
ယဇ်ပုရောဟိတ်တို့သည် တံပိုးကိုသံရှည်ဆွဲ၍မှုတ်ရမည်။ တံပိုးမှုတ်သံကိုကြားသောအခါ လူအုပ်ကြီးသည် ကျယ်လောင်စွာအော်ဟစ်ရမည်။ ထိုအခါ မြို့ရိုးကြီး ပြိုကျလိမ့်မည်။ လူတိုင်း မြို့ထဲသို့ တန်းတန်းမတ်မတ် ဝင်သွားရမည်”ဟု မိန့်တော်မူ၏။
လူတို့ကိုလည်း “သွား၍ မြို့ကိုလှည့်ပတ်ကြလော့။ လက်နက်ကိုင်စွဲသောသူတို့သည် ထာဝရဘုရား၏သေတ္တာတော်ရှေ့မှ သွားရမည်”ဟု မှာကြားလေ၏။
ထိုသို့ ယောရှုက လူတို့အားမှာကြားပြီးသည်နှင့် ထာဝရဘုရားရှေ့မှ သိုးချိုတံပိုးခုနစ်ခုကိုကိုင်ဆောင်သော ယဇ်ပုရောဟိတ်ခုနစ်ပါးတို့သည် တံပိုးကိုမှုတ်လျက် ချီသွားကြ၏။ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်သည် သူတို့နောက်မှပါလာ၏။
စစ်သည်တို့သည် တပ်စခန်းသို့ပြန်ရောက်လာကြသောအခါ အစ္စရေးသက်ကြီးဝါကြီးတို့က “ယနေ့ ထာဝရဘုရားသည် ငါတို့ကို ဖိလိတ္တိလူမျိုးတို့ရှေ့တွင် အဘယ်ကြောင့် ရှုံးနိမ့်စေသနည်း။ ရှိလောမြို့ရှိ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ငါတို့ထံ ယူဆောင်လာကြစို့။ သို့ပြုလျှင် ကိုယ်တော်သည် ငါတို့နှင့်အတူကြွတော်မူ၍ ငါတို့ကို ရန်သူတို့လက်မှ ကယ်တင်တော်မူလိမ့်မည်”ဟု ဆိုကြ၏။