စာလမုန်သည် ရာခပ်အားဖြင့် သားဗောဇကိုရ၏။ ဗောဇသည် ရုသအားဖြင့် သားဩဗက်ကိုရ၏။ ဩဗက်သည် သားယေရှဲကိုရ၏။
ယောရှု 6:25 - မြန်မာ့စံမီသမ္မာကျမ်း ဂျေရိခေါမြို့ကိုစူးစမ်းရန် ယောရှုစေလွှတ်သောသူလျှိုတို့ကို ပြည့်တန်ဆာရာခပ်သည် ဝှက်ထားသောကြောင့် ယောရှုသည် ရာခပ်အပါအဝင် သူ့ဖခင်၏မိသားစုနှင့် သူ့အိမ်၌ရှိသောသူအပေါင်းတို့ကို အသက်ချမ်းသာခွင့်ပေးလေ၏။ ရာခပ်သည် ယနေ့တိုင်အောင် အစ္စရေးလူမျိုးတို့နှင့်အတူ နေထိုင်လေ၏။ Common Language Bible ပြည့်တန်ဆာမရာခပ်သည်ယေရိခေါမြို့ အခြေအနေကိုထောက်လှမ်းရန် စေလွှတ်လိုက် သောသူနှစ်ယောက်တို့ကိုဝှက်ထားခဲ့ခြင်း ကြောင့် ယောရှုသည်သူနှင့်သူ၏ဆွေမျိုးအား လုံးတို့ကိုအသက်ချမ်းသာပေး၏။ (သူ၏ အဆက်အနွယ်တို့သည်ယနေ့တိုင်အောင် ဣသရေလအမျိုးသားတို့နှင့်အတူနေ ထိုင်လျက်ရှိကြသည်။) Garrad Bible ယော ရှု သည် ယေ ရိ ခေါ မြို့ သို့ အ စူး အ စမ်း စေ လွှတ် သော တ မန် တို့ ကို ဝှက် ထား သူ ပြည် တန် ဆာ ရာ ခပ် နှင့် ဆွေ မျိုး သား ချင်း၊ ရှိ ရှိ သ မျှ အား အ သက် ချမ်း သာ ပေး သည် နှင့် အ ညီ ဣ သ ရေ လ အ မျိုး ဘောင် တွင် ယ နေ့ တိုင် အောင် နေ ရ ကြ သ တည်း။ Judson Bible ယောရှုသည်လည်း၊ ပြည့်တန်ဆာရာခပ်နှင့် သူ့ပေါက်ဖော်၊ သူ၌ရှိသမျှတို့ကို အသက်ချမ်းသာပေး၍၊ သူသည် ဣသရေလအမျိုးသားတို့တွင် ယနေ့တိုင်အောင် နေရလေ၏။ အကြောင်းမူကား၊ ယေရိခေါမြို့ကို စူးစမ်းစေခြင်းငှာ၊ ယောရှုစေလွှတ်သော တမန်တို့ကို သူသည်ဝှက်ထားသောကြောင့်တည်း။ |
စာလမုန်သည် ရာခပ်အားဖြင့် သားဗောဇကိုရ၏။ ဗောဇသည် ရုသအားဖြင့် သားဩဗက်ကိုရ၏။ ဩဗက်သည် သားယေရှဲကိုရ၏။
ထိုအခါ ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြုသောသူအပေါင်းတို့သည် ကယ်တင်ခြင်းခံရကြလိမ့်မည်’ဟူ၍ ဖြစ်၏။
ပြည့်တန်ဆာရာခပ်သည် ယုံကြည်ခြင်းအားဖြင့် သူလျှိုတို့ကို ငြိမ်းချမ်းစွာလက်ခံသောကြောင့် မယုံကြည်သောသူတို့နှင့်အတူမပျက်စီးခဲ့ရပေ။
ထိုနည်းတူ ပြည့်တန်ဆာရာခပ်သည်လည်း စေတမန်တို့ကိုလက်ခံ၍ အခြားသောလမ်းဖြင့် လွှတ်လိုက်သောအခါ ထိုလုပ်ဆောင်မှုအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရသည်မဟုတ်လော။
နုန်၏သားယောရှုသည် သူလျှိုနှစ်ဦးကို ရှိတ္တိမ်အရပ်မှ တိတ်တဆိတ်စေလွှတ်၍ “ခါနာန်ပြည်၊ ဂျေရိခေါမြို့ကို သွား၍စူးစမ်းကြလော့”ဟု မှာလိုက်၏။ သူတို့လည်း သွား၍ ရာခပ်အမည်ရှိသောပြည့်တန်ဆာမ၏အိမ်သို့ဝင်၍ ညအိပ်ကြ၏။
ဤပြည်သို့ ငါတို့ရောက်လာသောအခါ ဤကြိုးနီကို ငါတို့လျှောဆင်းလာခဲ့သောပြတင်းပေါက်၌ ချည်ထားရမည်။ သင်၏မိဘ၊ ညီအစ်ကိုမောင်နှမတို့နှင့် ဆွေမျိုးသားချင်းအားလုံးကို သင့်အိမ်၌ ခေါ်ထားရမည်။
ရာခပ်သည် ထိုသူနှစ်ယောက်ကို ဝှက်ထားနှင့်ပြီးဖြစ်၍ မင်းမှုထမ်းတို့အား “ထိုသူတို့သည် ကျွန်မထံသို့ရောက်လာကြသည်မှာ မှန်ပါ၏။ သို့ရာတွင် သူတို့ အဘယ်ကလာကြသည်ကို ကျွန်မ မသိပါ။
ရာခပ်သည် ထိုသူတို့ကို ခေါင်မိုးပြင်သို့တက်စေပြီး ခေါင်မိုးပြင်၌ ဖြန့်ထားသောဗီသွာရိုးများအောက်၌ ဝှက်ထားနှင့်ပြီ။
ယောရှုသည် ပဋိညာဉ်သေတ္တာကို ထမ်းရသောယဇ်ပုရောဟိတ်တို့ခြေချသောနေရာဖြစ်သော ဂျော်ဒန်မြစ်အလယ်၌ ကျောက်တုံးတစ်ဆယ့်နှစ်တုံးကို ချထားလေ၏။ ထိုကျောက်တုံးတို့သည် ယနေ့တိုင်အောင် ထိုနေရာ၌ရှိ၏။