ဤသို့ဖြင့် သူတို့သည် ထာဝရဘုရား၏သေတ္တာတော်နှင့်တကွ မြို့ကိုတစ်ပတ်ပတ်ပြီး တပ်စခန်းသို့ပြန်လာ၍ တပ်စခန်းတွင် ညအိပ်နားကြ၏။
ယောရှု 6:14 - မြန်မာ့စံမီသမ္မာကျမ်း ဒုတိယနေ့တွင်လည်း မြို့ကိုတစ်ပတ်ပတ်ပြီး တပ်စခန်းသို့ ပြန်လာကြ၏။ ထိုသို့ ခြောက်ရက်ပတ်လုံး ပြုကြ၏။ Common Language Bible ဒုတိယနေ့၌သူတို့သည်တစ်ဖန်မြို့ကို တစ် ကြိမ်လှည့်ပတ်၍စခန်းသို့ပြန်လာကြလေ သည်။ သူတို့သည်ဤနည်းနှင်နှင်ခြောက်ရက် တိုင်တိုင်မြို့ကိုလှည့်ပတ်ကြသည်။ Garrad Bible ဒု တိ ယ နေ့၌ လည်း မြို့ ကို တစ် ကြိမ် လှည့် ပတ်၍ တပ် စ ခန်း သို့ ပြန် ဝင် လျက်၊ ခြောက် ရက် ပတ် လုံး ထို သို့ ပြု ကြ၏။ Judson Bible ဒုတိယနေ့၌ မြို့ကိုတစ်ကြိမ်လှည့်ပတ်ပြီးမှ တပ်ထဲသို့ ပြန်လာကြ၏။ ထိုသို့ ခြောက်ရက်ပတ်လုံး ပြုကြ၏။ |
ဤသို့ဖြင့် သူတို့သည် ထာဝရဘုရား၏သေတ္တာတော်နှင့်တကွ မြို့ကိုတစ်ပတ်ပတ်ပြီး တပ်စခန်းသို့ပြန်လာ၍ တပ်စခန်းတွင် ညအိပ်နားကြ၏။
ထာဝရဘုရား၏ရှေ့တော်မှ သိုးချိုတံပိုးခုနစ်ခုကို ကိုင်ဆောင်သောယဇ်ပုရောဟိတ်ခုနစ်ပါးတို့သည် တံပိုးကို အဆက်မပြတ်မှုတ်၍ချီသွားကြ၏။ ထိုစဉ် လက်နက်ကိုင်တပ်သားတို့သည် သူတို့ရှေ့မှ ချီသွားကြ၏။ နောက်ရံတပ်သားတို့သည် ထာဝရဘုရား၏သေတ္တာတော်နောက်မှချီသွားကြ၏။
ခုနစ်ရက်မြောက်သောနေ့၌ အရုဏ်တက်သည်နှင့် သူတို့သည်ထ၍ ယခင်နည်းအတိုင်း မြို့ကိုခုနစ်ပတ် လှည့်ပတ်လေ၏။ ဤနေ့တစ်နေ့သာ မြို့ကိုခုနစ်ပတ်လှည့်ပတ်ခြင်းဖြစ်၏။
သင်နှင့်စစ်သူရဲအပေါင်းတို့သည် မြို့ကိုတစ်ပတ်ပြည့်အောင် လှည့်ပတ်ရမည်။ ခြောက်ရက်ပတ်လုံး ထိုသို့ပတ်ရမည်။