ယောရှုက လူတို့အား “ ‘ကြွေးကြော်ကြလော့’ဟု ငါအမိန့်မပေးမချင်း သင်တို့မကြွေးကြော်ရ။ အသံမပြုရ။ နှုတ်မှ စကားတစ်ခွန်းမျှ မထွက်ရ။ ငါအမိန့်ပေးမည့်နေ့ရောက်မှ သင်တို့ကြွေးကြော်ရမည်”ဟု မှာကြား၏။
ယောရှု 6:11 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် သူတို့သည် ထာဝရဘုရား၏သေတ္တာတော်နှင့်တကွ မြို့ကိုတစ်ပတ်ပတ်ပြီး တပ်စခန်းသို့ပြန်လာ၍ တပ်စခန်းတွင် ညအိပ်နားကြ၏။ Common Language Bible သို့ဖြစ်၍ယောရှုသည်ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်အားမြို့ကို ပထမ အကြိမ်လှည့်ပတ်စေ၏။ ထိုနောက်သူတို့သည် စခန်းသို့ပြန်လာ၍တစ်ညတာရပ်နားကြ သည်။ Garrad Bible ထို သို့ ပင် ထာ ဝ ရ ဘု ရား၏ သေ တ္တာ တော် ကို မြို့ ပတ် လည် တစ် ကြိမ် ဝိုင်း သွား စေ ပြီး နောက်၊ ညဉ့် အ ခါ တပ် စ ခန်း သို့ ပြန် ဝင် ကြ လေ၏။ Judson Bible ထိုသို့ ထာဝရဘုရား၏သေတ္တာတော်သည် မြို့ကိုတစ်ကြိမ် လှည့်ပတ်ဝိုင်းသွားပြီးလျှင်၊ တပ်ထဲသို့ဝင်ပြန်၍ ညကိုလွန်စေကြ၏။ |
ယောရှုက လူတို့အား “ ‘ကြွေးကြော်ကြလော့’ဟု ငါအမိန့်မပေးမချင်း သင်တို့မကြွေးကြော်ရ။ အသံမပြုရ။ နှုတ်မှ စကားတစ်ခွန်းမျှ မထွက်ရ။ ငါအမိန့်ပေးမည့်နေ့ရောက်မှ သင်တို့ကြွေးကြော်ရမည်”ဟု မှာကြား၏။
ယောရှုသည် နံနက်စောစောထ၏။ ယဇ်ပုရောဟိတ်တို့သည် ထာဝရဘုရား၏သေတ္တာတော်ကို ထမ်းသွားကြ၏။
ဒုတိယနေ့တွင်လည်း မြို့ကိုတစ်ပတ်ပတ်ပြီး တပ်စခန်းသို့ ပြန်လာကြ၏။ ထိုသို့ ခြောက်ရက်ပတ်လုံး ပြုကြ၏။
သင်နှင့်စစ်သူရဲအပေါင်းတို့သည် မြို့ကိုတစ်ပတ်ပြည့်အောင် လှည့်ပတ်ရမည်။ ခြောက်ရက်ပတ်လုံး ထိုသို့ပတ်ရမည်။