‘ငါသည် ယဇ်ပူဇော်ခြင်းကိုမဟုတ်ဘဲ ကရုဏာကို အလိုရှိ၏’ဟူသောကျမ်းစကားသည် မည်သည့်အရာကိုဆိုလိုကြောင်း သင်တို့သိခဲ့လျှင် အပြစ်မရှိသောသူတို့ကို ပြစ်တင်ရှုတ်ချခဲ့ကြလိမ့်မည်မဟုတ်။
ယောရှု 5:5 - မြန်မာ့စံမီသမ္မာကျမ်း ထိုပြည်မှထွက်လာသောသူအပေါင်းတို့သည် အရေဖျားလှီးခြင်းခံပြီးဖြစ်၏။ အီဂျစ်ပြည်မှထွက်လာပြီးနောက် တောကန္တာရလမ်းခရီး၌မွေးဖွားသောသူတို့မူကား အရေဖျားလှီးခြင်းမခံရသေးပေ။ Judson Bible ထိုပြည်မှထွက်လာသော သူအပေါင်းတို့သည် အရေဖျားလှီးမင်္ဂလာကို ခံနှင့်ကြပြီ။ တော၌ ခရီးသွားရာတွင် ဖွားမြင်သောသူအပေါင်းတို့မူကား အရေဖျားလှီးမင်္ဂလာကို မခံရကြသေး။ |
‘ငါသည် ယဇ်ပူဇော်ခြင်းကိုမဟုတ်ဘဲ ကရုဏာကို အလိုရှိ၏’ဟူသောကျမ်းစကားသည် မည်သည့်အရာကိုဆိုလိုကြောင်း သင်တို့သိခဲ့လျှင် အပြစ်မရှိသောသူတို့ကို ပြစ်တင်ရှုတ်ချခဲ့ကြလိမ့်မည်မဟုတ်။
ထို့ကြောင့် အရေဖျားမလှီးသောသူသည် ပညတ်တရား၏ပြဋ္ဌာန်းချက်များကို စောင့်ထိန်းလျှင် သူ၏အရေဖျားမလှီးခြင်းသည် အရေဖျားလှီးခြင်းအဖြစ် သတ်မှတ်ခြင်းခံရမည်မဟုတ်လော။
အရေဖျားလှီးခြင်းသည် ပဓာနမဟုတ်။ အရေဖျားမလှီးခြင်းသည်လည်း ပဓာနမဟုတ်။ ဘုရားသခင်၏ပညတ်တော်ကို စောင့်ထိန်းခြင်းသာ ပဓာနဖြစ်၏။
ခရစ်တော်ယေရှု၌မူကား အရေဖျားလှီးခြင်းဖြစ်စေ၊ အရေဖျားမလှီးခြင်းဖြစ်စေ မည်သည့်အရာကိုမျှ မစွမ်းဆောင်နိုင်။ မေတ္တာအားဖြင့်လုပ်ဆောင်သော ယုံကြည်ခြင်းကသာ စွမ်းဆောင်နိုင်၏။
အကြောင်းမူကား အရေဖျားလှီးခြင်းဖြစ်စေ၊ အရေဖျားမလှီးခြင်းဖြစ်စေ ပဓာနမဟုတ်။ အသစ်ဖန်ဆင်းခံရခြင်းသာ ပဓာနဖြစ်၏။
ယောရှုသည် အစ္စရေးအမျိုးသားတို့အား အရေဖျားလှီးပေးရသည့်အကြောင်းကား ဤသို့ဖြစ်၏။ အီဂျစ်ပြည်မှထွက်လာသောလူတို့တွင် စစ်သူရဲယောက်ျားအပေါင်းတို့သည် တောကန္တာရလမ်းခရီး၌ သေဆုံးကြပြီဖြစ်၏။
အီဂျစ်ပြည်မှထွက်လာသော အစ္စရေးလူမျိုးစစ်သူရဲအပေါင်းတို့သည် ထာဝရဘုရား၏စကားတော်ကို မနာခံသောကြောင့် ထိုပြည်ကို ငါတို့အား ပေးမည်ဟု ဘိုးဘေးတို့အားထာဝရဘုရားကျိန်ဆိုတော်မူခဲ့သော်လည်း နို့နှင့်ပျားရည်စီးသောပြည်ကို သူတို့မြင်ရတော့မည်မဟုတ်ဟု ထာဝရဘုရားကျိန်ဆိုတော်မူ၏။ ထို့ကြောင့် အစ္စရေးအမျိုးသားတို့သည် တောကန္တာရ၌ အနှစ်လေးဆယ်ပတ်လုံးလှည့်လည်၍ သေကြကုန်၏။