အီဂျစ်ပြည်၌လည်းကောင်း၊ တောကန္တာရ၌လည်းကောင်း ငါပြခဲ့သောနိမိတ်လက္ခဏာများနှင့် ငါ၏ဘုန်းအသရေကို လူအပေါင်းတို့သည် တွေ့မြင်လျက်နှင့် ငါ့ကိုဆယ်ကြိမ်တိုင်အောင်အကဲစမ်း၍ ငါ့စကားကို နားမထောင်ကြသောကြောင့်
ယောရှု 5:4 - မြန်မာ့စံမီသမ္မာကျမ်း ယောရှုသည် အစ္စရေးအမျိုးသားတို့အား အရေဖျားလှီးပေးရသည့်အကြောင်းကား ဤသို့ဖြစ်၏။ အီဂျစ်ပြည်မှထွက်လာသောလူတို့တွင် စစ်သူရဲယောက်ျားအပေါင်းတို့သည် တောကန္တာရလမ်းခရီး၌ သေဆုံးကြပြီဖြစ်၏။ Common Language Bible အီဂျစ်ပြည်မှထွက်လာသောယောကျာ်းအား လုံးတို့သည် အရေဖျားလှီးခြင်းမင်္ဂလာကို ခံပြီးဖြစ်သည်။ သို့ရာတွင်ဣသရေလ အမျိုးသားတို့သည် နှစ်ပေါင်းလေးဆယ်ကြာ သောတောကန္တာရခရီးတွင်မည်သည့်ယောကျာ်း ကလေးမျှအရေဖျားလှီးခြင်းမင်္ဂလာကို မခံခဲ့ရချေ။ ထိုအနှစ်လေးဆယ်ကာလ ကုန်ဆုံးသောအခါ၌အီဂျစ်ပြည်မှထွက် လာသောစစ်မှုထမ်းအရွယ်ရောက်သူယောကျာ်း အပေါင်းတို့သည် ထာဝရဘုရား၏ပညတ် တော်ကိုမလိုက်နာသဖြင့်သေဆုံးကြကုန်၏။ ထာဝရဘုရားသည်ဘိုးဘေးတို့အားပေး မည်ဟုကတိထားတော်မူသောမြေသြဇာ ထက်သန်၍ အစာရေစာပေါကြွယ်ဝသည့် ပြည်ကို ထိုသူတို့မမြင်ရဟုကျိန်ဆိုတော် မူသည်နှင့်အညီမြင်ခွင့်ကိုမရကြချေ။- Garrad Bible ပေး ရ သော အ ကြောင်း ဟူ မူ ကား၊ အိ ဂျစ် ပြည် မှ ထွက် လာ သူ၊ လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ ခဲ့ သော စစ် သူ ရဲ ယောက်ျား အ ပေါင်း တို့ သည် သဲ က န္တာ ရ ခ ရီး အ ကြား သေ လွန် ကြ၏။ အိ ဂျစ် ပြည် မှ ထွက် သွား ရာ တွင် သဲ က န္တာ ရ ခ ရီး အ ကြား ပေါက် ဖွား သူ တို့ မှာ မူ၊ လှီး ဖြတ် ခြင်း မင်္ဂ လာ မ ခံ ရ ကြ သေး။ Judson Bible ထိုသို့ အရေဖျားလှီးမင်္ဂလာကို ပေးရသောအကြောင်းဟူမူကား၊ အဲဂုတ္တုပြည်မှထွက်လာသော စစ်သူရဲယောက်ျားအပေါင်းတို့သည် တော၌သေကြ၏။ |
အီဂျစ်ပြည်၌လည်းကောင်း၊ တောကန္တာရ၌လည်းကောင်း ငါပြခဲ့သောနိမိတ်လက္ခဏာများနှင့် ငါ၏ဘုန်းအသရေကို လူအပေါင်းတို့သည် တွေ့မြင်လျက်နှင့် ငါ့ကိုဆယ်ကြိမ်တိုင်အောင်အကဲစမ်း၍ ငါ့စကားကို နားမထောင်ကြသောကြောင့်
သို့သော် ဘုရားသခင်သည် သူတို့ထဲမှ အများစုကို နှစ်သက်တော်မမူခဲ့ပေ။ ထို့ကြောင့် သူတို့သည် တောကန္တာရ၌ သေကျေပျက်စီးခဲ့ကြရ၏။
ငါတို့သည် ကာဒေရှဗာနာအရပ်မှထွက်ခွာ၍ ဇာရက်ချောင်းကိုကူးသည်အထိ သုံးဆယ့်ရှစ်နှစ်ကြာ၏။ ထိုကာလအတွင်း တပ်စခန်းထဲမှ စစ်သည်မျိုးဆက်အပေါင်းတို့သည် ထာဝရဘုရားကျိန်ဆိုတော်မူခဲ့သည့်အတိုင်း သေကြကုန်၏။
ထို့ကြောင့် ယောရှုသည် မီးခတ်ကျောက်ဓားကိုပြုလုပ်ပြီး ဂိဘာဟာရာလုတ်အရပ်၌ အစ္စရေးအမျိုးသားတို့ကို အရေဖျားလှီးပေးလေ၏။
ထိုပြည်မှထွက်လာသောသူအပေါင်းတို့သည် အရေဖျားလှီးခြင်းခံပြီးဖြစ်၏။ အီဂျစ်ပြည်မှထွက်လာပြီးနောက် တောကန္တာရလမ်းခရီး၌မွေးဖွားသောသူတို့မူကား အရေဖျားလှီးခြင်းမခံရသေးပေ။