ထိုအခါ ဇိပေါရသည် ချွန်ထက်သောကျောက်ကိုယူ၍ မိမိသား၏ထိပ်ဖုံးအရေပြားကိုလှီးပြီး ၎င်းကို မောရှေ၏ခြေနှင့်ထိစေလျက် “အကယ်စင်စစ် သင်သည် သွေးနှင့်ဆိုင်သော ကျွန်မ၏လင်ယောက်ျားဖြစ်ပါ၏”ဟု ဆိုလျှင်
ယောရှု 5:2 - မြန်မာ့စံမီသမ္မာကျမ်း ထိုအချိန်ကာလတွင် ထာဝရဘုရားက ယောရှုအား “မီးခတ်ကျောက်ဓားကိုပြုလုပ်၍ အစ္စရေးအမျိုးသားတို့အား ဒုတိယအကြိမ် အရေဖျားလှီးပေးလော့”ဟု မိန့်တော်မူ၏။ Common Language Bible ထာဝရဘုရားသည်ယောရှုအား``ကျောက် စောင်းဋ္ဌားများကိုပြုလုပ်၍ဣသရေလ အမျိုးသားတို့အား အရေဖျားလှီးခြင်း မင်္ဂလာကိုစီရင်ပေးလော့''ဟုမိန့်တော်မူ၏။- Garrad Bible ထို ကာ လ ယော ရှု အား၊ ထာ ဝ ရ ဘု ရား က၊ ကျောက် စောင်း ဓား များ ကို လုပ် ပြီး လျှင်၊ ဣ သ ရေ လ အ မျိုး သား တို့ အား လှီး ဖြတ် ခြင်း မင်္ဂ လာ ကို ထပ် ပေး လော့ ဟု မိန့် တော် မူ သည့် အ တိုင်း Judson Bible ထိုအခါ ထာဝရဘုရားသည် ယောရှုကိုခေါ်၍၊ သင်သည် ကျောက်ဓားများကိုလုပ်ပြီးလျှင်၊ ဣသရေလအမျိုးသားတို့အား အရေဖျားလှီးမင်္ဂလာကို တစ်ဖန်ပေးလော့ဟု မိန့်တော်မူသည်အတိုင်း၊ |
ထိုအခါ ဇိပေါရသည် ချွန်ထက်သောကျောက်ကိုယူ၍ မိမိသား၏ထိပ်ဖုံးအရေပြားကိုလှီးပြီး ၎င်းကို မောရှေ၏ခြေနှင့်ထိစေလျက် “အကယ်စင်စစ် သင်သည် သွေးနှင့်ဆိုင်သော ကျွန်မ၏လင်ယောက်ျားဖြစ်ပါ၏”ဟု ဆိုလျှင်
အတွင်းသဘောအားဖြင့် ဂျူးလူမျိုးဖြစ်သောသူသာလျှင် ဂျူးလူမျိုးအစစ်အမှန်ဖြစ်ပြီး အက္ခရာတင်ထားသောတရားအားဖြင့်မဟုတ်ဘဲ ဝိညာဉ်တော်အားဖြင့်ဖြစ်သော စိတ်နှလုံး၏အရေဖျားလှီးခြင်းပင် အရေဖျားလှီးခြင်းအစစ်အမှန်ဖြစ်၏။ ထိုသို့သောသူသည် လူတို့ထံမှမဟုတ်ဘဲ ဘုရားသခင်ထံတော်မှချီးမွမ်းခြင်းကိုခံရ၏။
ဤသို့ဖြင့် အာဗြဟံသည် အရေဖျားမလှီးမီ ယုံကြည်ခြင်းအားဖြင့်ရရှိသော ဖြောင့်မတ်ခြင်း၏တံဆိပ်အဖြစ် အရေဖျားလှီးခြင်း၏အမှတ်လက္ခဏာကိုခံယူ၏။ ဤသည်ကား အာဗြဟံအား အရေဖျားမလှီးဘဲယုံကြည်သောသူအပေါင်းတို့၏အဖဖြစ်စေရန်နှင့် ထိုသူတို့သည်လည်း ဖြောင့်မတ်ခြင်းကိုရရှိကြစေရန်အတွက်ဖြစ်၏။
သို့ဖြစ်၍ သင်တို့၏စိတ်နှလုံးအရေဖျားကိုလှီးကြလော့။ ခေါင်းမမာကြတော့နှင့်။
သင်သည် အသက်ရှင်၍ သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ ချစ်မည့်အကြောင်း သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်စိတ်နှလုံး၊ သင့်သားမြေးတို့၏စိတ်နှလုံးအရေဖျားကို လှီးတော်မူမည်။
ခရစ်တော်နှင့်ဆိုင်သောအရေဖျားလှီးခြင်းအားဖြင့် သွေးသားဇာတိနှင့်ဆိုင်သောကိုယ်ခန္ဓာကိုချွတ်ပယ်၍ လူ့လက်ဖြင့်မဟုတ်သောအရေဖျားလှီးခြင်းကို ထိုသခင်၌ခံယူကြ၏။
ထို့ကြောင့် ယောရှုသည် မီးခတ်ကျောက်ဓားကိုပြုလုပ်ပြီး ဂိဘာဟာရာလုတ်အရပ်၌ အစ္စရေးအမျိုးသားတို့ကို အရေဖျားလှီးပေးလေ၏။