လေဝိအမျိုးတို့ပိုင်သောမြို့များရှိ သူတို့၏အိမ်များကိုကား လေဝိအမျိုးတို့သည် ရွေးနုတ်ခွင့်အစဉ်အမြဲရှိ၏။
ယောရှု 21:2 - မြန်မာ့စံမီသမ္မာကျမ်း “အကျွန်ုပ်တို့နေစရာမြို့နှင့် အကျွန်ုပ်တို့တိရစ္ဆာန်များအတွက် စားကျက်မြေများကို အကျွန်ုပ်တို့အား ပေးရမည်ဟူ၍ မောရှေမှတစ်ဆင့် ထာဝရဘုရား မိန့်မှာခဲ့ပါသည်”ဟု ဆိုကြ၏။ Judson Bible အကျွန်ုပ်တို့နေစရာဖို့ မြို့တို့ကိုလည်းကောင်း၊ တိရစ္ဆာန်များတို့မြို့နယ်တို့ကိုလည်းကောင်း ပေးစေခြင်းငှာ ထာဝရဘုရားသည် မောရှေအားဖြင့်မှာထားတော်မူပြီဟု ခါနာန်ပြည်၊ ရှိလောမြို့၌ ပြောဆိုကြလျှင်၊ |
လေဝိအမျိုးတို့ပိုင်သောမြို့များရှိ သူတို့၏အိမ်များကိုကား လေဝိအမျိုးတို့သည် ရွေးနုတ်ခွင့်အစဉ်အမြဲရှိ၏။
လမ်းခရီးအတွက် လွယ်အိတ်၊ အင်္ကျီအပို၊ ဖိနပ်နှင့် တောင်ဝှေးတို့ကိုလည်း မယူသွားကြနှင့်။ အကြောင်းမူကား အလုပ်လုပ်သောသူသည် မိမိစားစရာကိုရထိုက်၏။
နှုတ်ကပတ်တရားကိုသင်ယူသောသူသည် သင်ပေးသောသူအား ကောင်းသောအရာရှိသမျှတို့ကို ဝေမျှပေးပါစေ။
အစ္စရေးအမျိုးသားတို့သည် မောရှေအား ထာဝရဘုရား မိန့်မှာထားသည့်အတိုင်း ပြု၍ အမွေမြေကို ခွဲဝေယူကြ၏။
ထိုပြည်ကို အောင်နိုင်ပြီးနောက် အစ္စရေးလူထုတစ်ရပ်လုံး ရှိလောအရပ်၌ စုရုံး၍ တွေ့ဆုံစည်းဝေးရာတဲတော်ကို တည်ကြ၏။
ထို့ကြောင့် အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရား မိန့်မှာခဲ့သည့်အတိုင်း သူတို့ရသောအမွေမြေထဲမှ လေဝိအမျိုးတို့အား မြို့များနှင့် စားကျက်မြေများကို ခွဲဝေပေး၏။