အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယော​ရှု 17:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ခါနာန်​လူမျိုး​တို့​သည် ထို​အရပ်​တွင် အတင်း​နေထိုင်​ကြ​သောကြောင့် မနာရှေ​အမျိုးသား​တို့​သည် ထို​မြို့​တို့​တွင်​နေထိုင်​သော​သူ​တို့​ကို မ​နှင်ထုတ်​နိုင်​ခဲ့​ပေ​။

အခန်းကိုကြည့်ပါ။

Common Language Bible

မ​နာ​ရှေ​အ​နွယ်​သည်​ထို​မြို့​များ​တွင်​နေ ထိုင်​သော​ခါ​နာန်​အ​မျိုး​သား​တို့​ကို​မ​နှင် ထုတ်​နိုင်​သ​ဖြင့် သူ​တို့​သည်​ထို​အ​ရပ် များ​တွင်​ဆက်​လက်​နေ​ထိုင်​ကြ​သည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

မ နာ ရှေ့ အ နွယ် သား တို့ သည် ၎င်း မြို့ များ တွင် နေ ထိုင် သူ တို့ ကို မ နှင် ထုတ် နိုင် သ ဖြင့် ထို ခါ နာန် လူ မျိုး တို့ အ တင်း နေ ကြ သေး ၏။

အခန်းကိုကြည့်ပါ။

Judson Bible

သို့​ရာ​တွင် မ​နာ​ရှေ​အ​မျိုး​သား​တို့​သည် ထို​မြို့​တို့​ကို​မ​သိမ်း​မ​ယူ​နိုင်​ဘဲ၊ ခါ​န​နိ​လူ​တို့​သည် ထို​အ​ရပ်၌ အ​နိုင်​နေ​ကြ၏။

အခန်းကိုကြည့်ပါ။



ယော​ရှု 17:12
7 ပူးပေါင်းရင်းမြစ်များ  

အစ္စရေး​အမျိုးသား​တို့ အကုန်အစင်​မ​သုတ်သင်​နိုင်​ခဲ့​ဘဲ တိုင်းပြည်​တွင်​ကြွင်းကျန်​နေ​ခဲ့​သော​သူ​တို့​၏​သားမြေး​များ​ကို ရှောလမုန်​မင်းကြီး​သည် အလုပ်ကြမ်းသမား​များ​အဖြစ် ယနေ့​တိုင်အောင်​ထားရှိ​၏​။


ယုဒ​အမျိုးသား​တို့​သည် ဂျေရုဆလင်​မြို့​၌​နေထိုင်​သော​ယေဗုသိ​လူမျိုး​တို့​ကို နှင်ထုတ်​၍​မ​ရ​သဖြင့် ယနေ့​တိုင်အောင် ယေဗုသိ​လူမျိုး​တို့​နှင့်အတူ ဂျေရုဆလင်​မြို့​တွင် နေထိုင်​ကြ​၏​။


ဧဖရိမ်​အမျိုးသား​တို့​သည် ဂေဇာ​မြို့​၌​နေထိုင်​သော ခါနာန်​လူမျိုး​တို့​ကို မ​နှင်ထုတ်​ဘဲ ယနေ့​တိုင်အောင် ခါနာန်​လူမျိုး​တို့​နှင့်အတူ​နေထိုင်​ကြ​၏​။ သို့သော် သူ​တို့​ကို အလုပ်ကြမ်း​လုပ်​စေ​၏​။