လူတို့သည်လာ၍ ယောရှဖတ်မင်းကြီးအား “ပင်လယ်တစ်ဖက်ကမ်း ဆီးရီးယားပြည်မှ စစ်တပ်ကြီးချီလာပြီး အင်္ဂေဒိ ခေါ် ဟာဇဇုန္တာမာမြို့တွင် တပ်ချနေပါသည်”ဟူသောသတင်းကို ကြားပြောလျှင်
ယောရှု 15:62 - မြန်မာ့စံမီသမ္မာကျမ်း နိဗရှန်မြို့၊ ဆားမြို့၊ အင်္ဂေဒိမြို့ စသည့်မြို့ခြောက်မြို့နှင့်ရွာများ ပါ၏။ Common Language Bible နိဗရှန်မြို့၊ ဣရမေလက်မြို့နှင့်အင်္ဂေဒိမြို့ ဟူ၍မြို့ကြီးခြောက်မြို့နှင့်တကွပတ်ဝန်း ကျင်ရှိမြို့ရွာများလည်းပါဝင်လေသည်။ Garrad Bible နိ ဗ ရှန်၊ ဣ ရ မေ လက်၊ အ င်္ဂေ ဒိ မြို့ များ၊ ဆင် ခြေ ဖုံး ပါ ခြောက် မြို့ တည်း။ Judson Bible နိဗရှန်မြို့၊ မေလက်မြို့၊ အင်္ဂေဒိမြို့၊ ရွာနှင့်တကွခြောက်မြို့တည်း။ |
လူတို့သည်လာ၍ ယောရှဖတ်မင်းကြီးအား “ပင်လယ်တစ်ဖက်ကမ်း ဆီးရီးယားပြည်မှ စစ်တပ်ကြီးချီလာပြီး အင်္ဂေဒိ ခေါ် ဟာဇဇုန္တာမာမြို့တွင် တပ်ချနေပါသည်”ဟူသောသတင်းကို ကြားပြောလျှင်
အင်္ဂေဒိမှ ဧနေဂလိအရပ်တိုင်အောင် ကမ်းစပ်တစ်လျှောက်သည် တံငါသည်တို့ကျင်လည်ရာ၊ သူတို့၏ပိုက်ကွန်များဖြန့်ရာအရပ် ဖြစ်လိမ့်မည်။ မြေထဲပင်လယ်ရှိငါးများကဲ့သို့ ထိုအရပ်၌ ငါးတို့သည် အမျိုးအလိုက် အလွန်များပြားကြလိမ့်မည်။
ယုဒအမျိုးသားတို့သည် ဂျေရုဆလင်မြို့၌နေထိုင်သောယေဗုသိလူမျိုးတို့ကို နှင်ထုတ်၍မရသဖြင့် ယနေ့တိုင်အောင် ယေဗုသိလူမျိုးတို့နှင့်အတူ ဂျေရုဆလင်မြို့တွင် နေထိုင်ကြ၏။
ထို့နောက် ဒါဝိဒ်သည် ထိုအရပ်မှ အင်္ဂေဒိအရပ်သို့သွားပြီး ဥမင်လိုဏ်ခေါင်းတို့တွင် ပုန်းရှောင်နေလေ၏။
ရှောလုမင်းကြီးသည် ဖိလိတ္တိလူမျိုးတို့ကို လိုက်လံတိုက်ခိုက်ပြီး ပြန်လာသောအခါ “ကြည့်ရှုလော့။ ဒါဝိဒ်သည် အင်္ဂေဒိတောကန္တာရ၌ ပုန်းရှောင်နေပါသည်”ဟု သူ့အား လျှောက်တင်ကြ၏။