အရှေ့ဘက်နယ်နိမိတ်မှာ ဆားပင်လယ်မှ ဂျော်ဒန်မြစ်ဝအထိဖြစ်၏။ မြောက်ဘက်နယ်နိမိတ်မှာ ဂျော်ဒန်မြစ်ဝရှိ ပင်လယ်အော်တွင် အစပြု၏။
ယောရှု 15:6 - မြန်မာ့စံမီသမ္မာကျမ်း ထိုမှ နယ်နိမိတ်သည် ဗက်ဟောဂလအရပ်သို့ တက်သွားပြီး မြောက်ဘက်ဗေသရာဗအရပ်သို့ ဆက်သွား၏။ ထိုမှ နယ်နိမိတ်သည် ရုဗင်အမျိုးသား ဗောဟန်၏ကျောက်တိုင်ရှိရာသို့ တက်သွား၏။ Common Language Bible ဗေသောဂလမြို့သို့လည်းကောင်း၊ ထိုမှ တစ်ဖန်ဗောဟန်၏ကျောက်(ဗောဟန်သည် ရုဗင်၏သားဖြစ်သည်) သို့ရောက်ပြီးလျှင်၊- Garrad Bible ဗေ သော ဂ လ မြို့ သို့ လည်း ကောင်း၊ ဗေ သ ရာ ဗ မြို့ မြောက် ဘက် လျှောက် လျက်၊ ရု ဗင့် သား ဗော ဟန်၏ ကျောက် တိုင် သို့လည်း ကောင်း၊ ရောက် ပြီး မှ Judson Bible ဗေသောဂလရွာသို့လည်းကောင်း၊ ဗေသရာဗရွာ မြောက်နားမှာလျှောက်လျက် ရုဗင်သားဗောဟန်၏ ကျောက်သို့လည်းကောင်း ရောက်လေ၏။ |
အရှေ့ဘက်နယ်နိမိတ်မှာ ဆားပင်လယ်မှ ဂျော်ဒန်မြစ်ဝအထိဖြစ်၏။ မြောက်ဘက်နယ်နိမိတ်မှာ ဂျော်ဒန်မြစ်ဝရှိ ပင်လယ်အော်တွင် အစပြု၏။
တစ်ဖန် နယ်နိမိတ်သည် အာခေါ်ချိုင့်ဝှမ်းမှ ဒေဗိရဘက်သို့ တက်သွား၍ ချိုင့်ဝှမ်းတောင်ဘက်ရှိ အဒုမ္မိမ်တောင်ကုန်းမျက်နှာချင်းဆိုင် မြောက်ဘက်ဂိလဂါလအရပ်သို့ လှည့်သွား၏။ ထိုမှ နယ်နိမိတ်သည် အင်ရှေမက်စမ်းရေတွင်းကိုဖြတ်၍ အင်္ရောဂေလအရပ်၌ ဆုံး၏။
ထိုမှ မြောက်ဘက်အရပ်သို့ကွေ့သွား၍ အင်ရှေမက်အရပ်သို့ရောက်၏။ ထိုမှ အဒုမ္မိမ်တောင်ကုန်းနှင့်မျက်နှာချင်းဆိုင် ဂေလိလုတ်အရပ်သို့ဆက်လာပြီး ရုဗင်အမျိုးသား ဗောဟန်၏ကျောက်တိုင်ရှိရာသို့ ရောက်၏။