စာရာသည် ခါနာန်ပြည်ရှိ ဟေဗြုန် ခေါ် ကိရယအာဘမြို့၌ သေဆုံး၏။ အာဗြဟံသည် စာရာအတွက် ငိုကြွေးမြည်တမ်းရန် လာလေ၏။
ယောရှု 15:54 - မြန်မာ့စံမီသမ္မာကျမ်း ဟုန္တမြို့၊ ဟေဗြုန် ခေါ် ကိရယအာဘမြို့၊ ဇိအောရမြို့ စသည့်မြို့ပေါင်းကိုးမြို့နှင့်ရွာများ ပါ၏။ Common Language Bible ဟုန္တမြို့၊ ဟေဗြုန်မြို့နှင့်ဇိအောရမြို့စသော မြို့ကြီးကိုးမြို့နှင့်တကွပတ်ဝန်းကျင်ရှိ မြို့ရွာများလည်းပါဝင်လေသည်။ Judson Bible ဟုန္တမြို့၊ ဟေဗြုန်မြို့တည်းဟူသော ကိရယသာဘမြို့၊ ဇိအောရမြို့၊ ရွာနှင့်တကွ ကိုးမြို့တည်း။ |
စာရာသည် ခါနာန်ပြည်ရှိ ဟေဗြုန် ခေါ် ကိရယအာဘမြို့၌ သေဆုံး၏။ အာဗြဟံသည် စာရာအတွက် ငိုကြွေးမြည်တမ်းရန် လာလေ၏။
ယခု ဟေဗြုန် ဟုခေါ်သောမြို့သည် ယခင်က ကိရယအာဘမြို့ဟုခေါ်၏။ အာဘသည် အာနကလူမျိုးတို့တွင် အကြီးအကဲဖြစ်၏။ ထို့နောက်တွင် တစ်ပြည်လုံး စစ်ငြိမ်းလေ၏။
ထာဝရဘုရား မိန့်တော်မူခဲ့သည့်အတိုင်း ယောရှုသည် ယေဖုန္နာ၏သားကာလက်အား ယုဒအမျိုးသားအမွေမြေထဲမှ ဟေဗြုန် ခေါ် ကိရယအာဘမြို့ကို ခွဲဝေပေးလေ၏။ အာဘသည် အာနက၏ဖခင်ဖြစ်၏။
ဟေဗြုန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ လိဗနမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများကို ယဇ်ပုရောဟိတ်အာရုန်၏သားမြေးတို့အား ပေး၏။ (ဟေဗြုန်မြို့သည် မတော်တဆလူသတ်မိသောသူတို့ ခိုလှုံနိုင်သောမြို့ဖြစ်၏။)