ထို့နောက် မောရှေနှင့်အာရုန်အား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အစ္စရေးအမျိုးသားတို့သည်သွား၍ တစ်သဝေမတိမ်းပြုကြ၏။
ယောရှု 14:5 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားတို့သည် မောရှေအား ထာဝရဘုရား မိန့်မှာထားသည့်အတိုင်း ပြု၍ အမွေမြေကို ခွဲဝေယူကြ၏။ Common Language Bible ထာဝရဘုရားသည်မောရှေအားမိန့်မှာ တော်မူသည်အတိုင်း ဣသရေလအမျိုး သားတို့သည်နယ်မြေကိုခွဲဝေကြလေ သည်။ Judson Bible မောရှေအား ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည်ပြု၍ မြေကိုဝေဖန်ကြ၏။ |
ထို့နောက် မောရှေနှင့်အာရုန်အား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အစ္စရေးအမျိုးသားတို့သည်သွား၍ တစ်သဝေမတိမ်းပြုကြ၏။
ယောရှုလည်း ရှိလောမြို့တွင် ထာဝရဘုရားရှေ့တော်၌ မဲချ၍ အစ္စရေးလူမျိုးတို့အား မျိုးနွယ်စုအလိုက် အမွေမြေကို ခွဲဝေပေး၏။
“အကျွန်ုပ်တို့နေစရာမြို့နှင့် အကျွန်ုပ်တို့တိရစ္ဆာန်များအတွက် စားကျက်မြေများကို အကျွန်ုပ်တို့အား ပေးရမည်ဟူ၍ မောရှေမှတစ်ဆင့် ထာဝရဘုရား မိန့်မှာခဲ့ပါသည်”ဟု ဆိုကြ၏။