အချို့တို့သည် တောကန္တာရထဲ၌ ကန္တာရလမ်းတွင် လှည့်လည်သွားလာကြပြီး မိမိတို့နေထိုင်ရန်မြို့ကို ရှာမတွေ့ကြချေ။
ယောရှု 14:10 - မြန်မာ့စံမီသမ္မာကျမ်း ယခု ကြည့်ရှုလော့။ အစ္စရေးလူမျိုးတို့ တောကန္တာရတွင်လှည့်လည်နေစဉ် ဤအကြောင်းအရာကို မောရှေအား ထာဝရဘုရားမိန့်တော်မူခဲ့သည့်အချိန်မှစ၍ ယခုချိန်ထိ ထာဝရဘုရားသည် အကျွန်ုပ်ကို လေးဆယ့်ငါးနှစ်ပတ်လုံးအသက်ရှင်စေခဲ့ပါ၏။ ယနေ့မှာ အကျွန်ုပ်အသက် ရှစ်ဆယ့်ငါးနှစ် ရှိပါပြီ။ Common Language Bible ထာဝရဘုရားသည်မောရှေအားထိုသို့ မိန့်တော်မူခဲ့သည်မှာလေးဆယ့်ငါးနှစ်ရှိ ပါပြီ။ ထိုစဉ်အခါကဣသရေလအမျိုး သားတို့သည် တောကန္တာရကိုဖြတ်ကျော် လျက်ရှိကြပါ၏။ ထာဝရဘုရားသည် ကတိတော်အတိုင်း အကျွန်ုပ်အားယနေ့ တိုင်အောင်အသက်ရှင်လျက်ရှိစေတော် မူပါ၏။ ယခုအကျွန်ုပ်သည်အသက်ရှစ် ဆယ်ငါးနှစ်ရှိပါပြီ။- Garrad Bible ဣ သ ရေ လ လူ မျိုး သည် သဲ က န္တာ ရ၌ လှည့် လည် ရ စဉ်၊ မော ရှေ အား ထာ ဝ ရ ဘု ရား ထို သို့ မိန့် တော် မူ သော နေ့ မှ စ၍ ယ နေ့ တိုင် အောင် က တိ တော် အ လျောက်၊ ကျွန် တော် ကို လေး ဆယ့် ငါး နှစ် ပတ် လုံး အ သက် ရှင် ခွင့် ပေး တော် မူ သ ဖြင့်၊ ယ နေ့ ရှစ် ဆယ့် ငါး နှစ် ပြည့် သော ကျွန် တော် သည် Judson Bible ဣသရေလအမျိုးသည် တော၌လှည့်လည်စဉ်အခါ၊ ထာဝရဘုရားသည် ထိုသို့မောရှေအား မိန့်တော်မူသောနေ့မှစ၍ ယခုတိုင်အောင် အမိန့်တော်ရှိသည်အတိုင်း၊ အနှစ်လေးဆယ်ငါးနှစ်ပတ်လုံး အကျွန်ုပ်အသက်ကို ရှင်စေတော်မူသဖြင့်၊ ယနေ့မှာ အကျွန်ုပ်သည် အသက်ရှစ်ဆယ်ငါးနှစ်ရှိပါပြီ။ |
အချို့တို့သည် တောကန္တာရထဲ၌ ကန္တာရလမ်းတွင် လှည့်လည်သွားလာကြပြီး မိမိတို့နေထိုင်ရန်မြို့ကို ရှာမတွေ့ကြချေ။
သင်၏အနီးတွင် လူတစ်ထောင်၊ သင်၏လက်ယာဘက်တွင် လူတစ်သောင်း လဲကျသော်လည်း ထိုဘေးတို့သည် သင့်ထံသို့ ရောက်လာမည်မဟုတ်။
ထိုပြည်ကို သင်တို့နေထိုင်ရာဖြစ်စေမည်ဟု ငါကျိန်ဆိုခဲ့သော်လည်း ထိုပြည်ထဲသို့ ယေဖုန္နာ၏သား ကာလက်နှင့် နုန်၏သား ယောရှုတို့မှလွဲ၍ မည်သူမျှဝင်ရလိမ့်မည်မဟုတ်။
ထိုပြည်ကိုစူးစမ်းရန် သွားခဲ့သောသူတို့ထဲမှ နုန်၏သား ယောရှုနှင့် ယေဖုန္နာ၏သား ကာလက်တို့မူကား အသက်ချမ်းသာရာရကြ၏။
ယောရှု အသက်ကြီး၍ အိုမင်းလာသောအခါ ထာဝရဘုရားက သူ့အား “သင် အသက်ကြီး၍ အိုမင်းလာပြီ။ သို့သော် သိမ်းပိုက်ရမည့်ပြည် အများအပြားကျန်သေး၏။
အကျွန်ုပ်အား မောရှေစေလွှတ်ခဲ့သောနေ့ကကဲ့သို့ပင် ယခု အကျွန်ုပ် သန်မာဆဲရှိပါ၏။ စစ်ချီထွက်ရန်၊ စစ်တိုက်ရန် ယခင်က ခွန်အားရှိသကဲ့သို့ ယခုလည်း ရှိပါ၏။
ထို့ကြောင့် ထိုနေ့တွင် မောရှေက ‘သင်သည် ငါ၏ဘုရားသခင် ထာဝရဘုရားနောက်တော်သို့ အစဉ်တစ်စိုက်လိုက်သောကြောင့် သင်ခြေချသောမြေသည် သင်နှင့်သင့်သားမြေးတို့အတွက် အမွေမြေအစဉ်ဖြစ်ရမည်’ဟု ကျိန်ဆိုခဲ့ပါ၏။