ထို့ကြောင့် ဂျေရုဆလင်ဘုရင်အဒေါနိဇေဒက်မင်းကြီးသည် ဟေဗြုန်ဘုရင်ဟောဟံမင်းကြီး၊ ယာမုတ်ဘုရင်ပိရံမင်းကြီး၊ လာခိရှဘုရင်ယာဖျာမင်းကြီး၊ ဧဂလုန်ဘုရင်ဒေဗိရမင်းကြီး တို့ထံသို့ လူလွှတ်ကာ
ယောရှု 10:34 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယောရှုနှင့်အစ္စရေးစစ်သည်အပေါင်းတို့သည် လာခိရှမြို့မှ ဧဂလုန်မြို့သို့ ချီတက်၍ ထိုမြို့အနီး၌စခန်းချကာ ထိုမြို့ကို တိုက်ခိုက်လေ၏။ Common Language Bible ထိုနောက်ယောရှုနှင့်ဣသရေလတပ်သား တို့သည် လာခိရှမြို့မှဧဂလုန်မြို့သို့ချီ တက်၍မြို့ကိုဝိုင်းရံတိုက်ခိုက်ကြလေသည်။- Garrad Bible ယော ရှု သည် ဣ သ ရေ လ တစ် တပ် လုံး နှင့် တ ကွ လာ ခိ ရှ မြို့ မှ ဧ ဂ လုန် မြို့ သို့ ချီ တက် စွဲ ရပ် တိုက် ခိုက် ရာ၊ နေ့ ချင်း သိမ်း ယူ ပြီး လျှင်၊ Judson Bible တစ်ဖန် ယောရှုသည် ဣသရေလ လူအပေါင်းတို့နှင့်တကွ၊ လာခိရှမြို့မှ ဧဂလုန်မြို့သို့ချီသွား၍ တပ်ချလျက်တိုက်ကြ၏။ |
ထို့ကြောင့် ဂျေရုဆလင်ဘုရင်အဒေါနိဇေဒက်မင်းကြီးသည် ဟေဗြုန်ဘုရင်ဟောဟံမင်းကြီး၊ ယာမုတ်ဘုရင်ပိရံမင်းကြီး၊ လာခိရှဘုရင်ယာဖျာမင်းကြီး၊ ဧဂလုန်ဘုရင်ဒေဗိရမင်းကြီး တို့ထံသို့ လူလွှတ်ကာ
ထိုအခါ ဂေဇာဘုရင်ဟောရံမင်းကြီးသည် လာခိရှဘုရင်ကို စစ်ကူပေးရန် ချီလာ၏။ ယောရှုသည် ထိုဘုရင်နှင့်သူ၏စစ်သည်တို့ကို အသက်ရှင်ကျန်ရစ်သူမရှိအောင် ချေမှုန်းလေ၏။
သူတို့သည် ထိုမြို့ကို နေ့ချင်းသိမ်းပိုက်၏။ လာခိရှမြို့ကို ပြုခဲ့သည့်အတိုင်း ထိုနေ့ချင်းတွင် မြို့သူမြို့သားအပေါင်းတို့ကို ဓားဖြင့်လုပ်ကြံ၍ တစ်ယောက်မကျန်သတ်ဖြတ်လေ၏။