အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယော​ရှု 10:33 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထိုအခါ ဂေဇာ​ဘုရင်​ဟောရံ​မင်းကြီး​သည် လာခိရှ​ဘုရင်​ကို စစ်ကူပေး​ရန် ချီလာ​၏​။ ယောရှု​သည် ထို​ဘုရင်​နှင့်​သူ​၏​စစ်သည်​တို့​ကို အသက်ရှင်​ကျန်ရစ်​သူ​မ​ရှိ​အောင် ချေမှုန်း​လေ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ဂေ​ဇာ​မင်း​ဟော​ရံ​သည်​လာ​ခိ​ရှ​မင်း​ဘက် မှ​စစ်​ကူ​၍​တိုက်​ခိုက်​သော်​လည်း ယော​ရှု​သည် သူ​နှင့်​သူ​၏​တပ်​ကို​တိုက်​ခိုက်​အောင်​မြင်​၍ တစ်​ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​လေ သည်။

အခန်းကိုကြည့်ပါ။

Garrad Bible

ဂေ ဇာ ဘု ရင် ဟော ရံ မင်း သည် စစ် ကူ ရန် လာ ခိ ရှ မြို့ သို့ ချီ လာ သော်၊ ထို မင်း နှင့် ဘက် ပါ အ ပေါင်း တို့ ကို တစ် ယောက် မ ကျန်၊ ယော ရှု လုပ် ကြံ လေ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ထို​အ​ခါ ဂေ​ဇာ​မင်း​ကြီး​ဟော​ရံ​သည်၊ လာ​ခိ​ရှ​မြို့​ကို ကူ​ညီ​မည်​ဟု လာ​သော​ကြောင့်၊ ယော​ရှု​သည် ထို​မင်း​ကြီး​နှင့် သူ၏​လူ​အ​ပေါင်း​တို့​ကို တစ်​ယောက်​မျှ​မ​ကျန်​ကြွင်း​ရ​ဘဲ ရှင်း​ရှင်း​လုပ်​ကြံ​လေ၏။

အခန်းကိုကြည့်ပါ။



ယော​ရှု 10:33
11 ပူးပေါင်းရင်းမြစ်များ  

ဒါဝိဒ်​မင်းကြီး​သည် ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ပြု​၍ ဖိလိတ္တိ​လူမျိုး​တို့​ကို ဂေဗ​မြို့​မှ ဂေဇာ​မြို့​တိုင်အောင် တိုက်ခိုက်ချေမှုန်း​လေ​၏​။


ထို့နောက်တွင် ဂေဇာ​မြို့​၌ ဖိလိတ္တိ​လူမျိုး​တို့​နှင့် တိုက်ပွဲ​ဖြစ်​ရာ ဟုရှသိ​လူမျိုး​သိဗေခဲ​သည် ရေဖိမ်​အနွယ်ဝင်​သိပ္ပဲ​ကို သတ်လိုက်​သဖြင့် ဖိလိတ္တိ​လူမျိုး​တို့ ရှုံးနိမ့်​လေ​၏​။


သူ​တို့​အား ခွဲဝေ​ပေး​သော​မြို့​များ​မှာ ခိုလှုံ​ရာ​မြို့​များ​ဖြစ်​သော ဧဖရိမ်​တောင်​ပေါ်ရှိ ရှေခင်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဂေဇာ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊


ထာဝရဘုရား​သည် လာခိရှ​မြို့​ကို​လည်း အစ္စရေး​လူမျိုး​တို့​လက်​သို့ အပ်​တော်မူ​သဖြင့် ဒုတိယ​နေ့​တွင် ထို​မြို့​ကို​သိမ်း​၍ လိဗန​မြို့​ကို ပြု​ခဲ့​သည့်​အတိုင်း ထို​မြို့သူမြို့သား​အားလုံး​ကို ဓား​ဖြင့်​လုပ်ကြံ​လေ​၏​။


ထို့နောက် ယောရှု​နှင့်​အစ္စရေး​စစ်သည်​အပေါင်း​တို့​သည် လာခိရှ​မြို့​မှ ဧဂလုန်​မြို့​သို့ ချီတက်​၍ ထို​မြို့​အနီး​၌​စခန်းချ​ကာ ထို​မြို့​ကို တိုက်ခိုက်​လေ​၏​။


ဧဂလုန်​ဘုရင်​တစ်ပါး​၊ ဂေဇာ​ဘုရင်​တစ်ပါး​၊


ဧဖရိမ်​အမျိုးသား​တို့​သည် ဂေဇာ​မြို့​၌​နေထိုင်​သော ခါနာန်​လူမျိုး​တို့​ကို မ​နှင်ထုတ်​ဘဲ ယနေ့​တိုင်အောင် ခါနာန်​လူမျိုး​တို့​နှင့်အတူ​နေထိုင်​ကြ​၏​။ သို့သော် သူ​တို့​ကို အလုပ်ကြမ်း​လုပ်​စေ​၏​။


အနောက်ဘက် ယာဖလက်​နယ်နိမိတ်​သို့ ဆင်းသွား​၍ အောက်​ဗေသောရုန်​နယ်နိမိတ်​မှ ဂေဇာ​မြို့​အထိ​ဆက်သွား​ပြီး ပင်လယ်​၌​ဆုံး​လေ​၏​။


သူ​တို့​အား ဧဖရိမ်​တောင်ပေါ်ဒေသ​ရှိ ရှေခင်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဂေဇာ​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ (ရှေခင်​မြို့​သည် မတော်တဆ​လူသတ်​မိ​သော​သူ​တို့ ခိုလှုံ​နိုင်​သော​မြို့​ဖြစ်​၏​။)


ဧဖရိမ်​အမျိုးသား​တို့​သည် ဂေဇာ​မြို့သား ခါနာန်​လူမျိုး​တို့​ကို မ​နှင်ထုတ်​ခဲ့​ပေ​။ ထို့ကြောင့် ခါနာန်​လူမျိုး​တို့​သည် သူ​တို့​နှင့်အတူ ဂေဇာ​မြို့​၌ နေထိုင်​ကြ​၏​။