ယောရှုနှင့် အစ္စရေးစစ်သည်အပေါင်းတို့သည် မိမိတို့စခန်းချရာ ဂိလဂါလအရပ်သို့ ပြန်လာခဲ့ကြ၏။
ထိုနောက်ယောရှုနှင့်ဣသရေလတပ်သားတို့ သည် ဂိလဂါလစခန်းသို့ပြန်လာကြလေ သည်။
ယော ရှု သည် ဣ သ ရေ လ တစ် တပ် လုံး နှင့် တ ကွ စွဲ ရပ် ရာ ဂိ လ ဂါ လ မြို့ သို့ ပြန် ချီ လေ၏။
ထိုနောက်၊ ယောရှုသည်၊ ဣသရေလလူအပေါင်းတို့နှင့်တကွ၊ ဂိလဂါလတပ်သို့ ပြန်သွား၏။
မြို့သားတို့ကိုလည်းခေါ်ဆောင်သွားပြီး လွှတိုက်၊ သံထွန်၊ သံပုဆိန်ပေါက်အလုပ်၊ အုတ်ဖုတ်ရသောအလုပ်တို့ကို လုပ်စေ၏။ အမ္မုန်အမျိုးသားတို့၏မြို့ရွာတိုင်း၌ ထိုသို့ပြု၏။ ထို့နောက် ဒါဝိဒ်မင်းကြီးနှင့်စစ်သည်အပေါင်းတို့သည် ဂျေရုဆလင်မြို့သို့ ပြန်လာကြ၏။
ထာဝရဘုရားသည် ထိုနေ့ကဲ့သို့ လူ၏စကားကို နားညောင်းသောအဖြစ်မျိုး ယခင်က မဖြစ်ဖူး၊ နောင်လည်း ဖြစ်မည်မဟုတ်။ စင်စစ် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့အတွက် စစ်တိုက်တော်မူခဲ့၏။
ရှင်ဘုရင်ငါးပါးတို့မှာမူ ထွက်ပြေး၍ မက္ကဒါအရပ်ရှိ လိုဏ်ဂူထဲတွင် ပုန်းနေကြ၏။
ထို့နောက်တွင် ယောရှုနှင့်အစ္စရေးစစ်သည်အပေါင်းတို့သည် တပ်စခန်းချရာဂိလဂါလအရပ်သို့ ပြန်လာခဲ့ကြလေ၏။
ထိုအခါ ဂိဗောင်မြို့သားတို့သည် ဂိလဂါလအရပ်၌တပ်စခန်းချနေသောယောရှုထံသို့ လူလွှတ်၍ “တောင်ပေါ်ဒေသ၌နေထိုင်သော အာမောရိဘုရင်တို့ ပူးပေါင်းပြီး အကျွန်ုပ်တို့ကို လာတိုက်ပါပြီ။ သို့ဖြစ်၍ အရှင့်အစေအပါးတို့ကို ပစ်မထားပါနှင့်။ အကျွန်ုပ်တို့ထံသို့ အလျင်အမြန်လာ၍ ကူညီကယ်တင်ပါလော့”ဟု လျှောက်ဆိုစေ၏။