သင်တည်းခိုနေထိုင်သောပြည်ဖြစ်သည့် ခါနာန်ပြည်တစ်ပြည်လုံးကို သင်နှင့်နောင်လာမည့် သင်၏သားစဉ်မြေးဆက်အား အစဉ်အမြဲပိုင်ဆိုင်ရာအဖြစ် ငါပေးမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်”ဟု မိန့်တော်မူ၏။
ယောရှု 1:2 - မြန်မာ့စံမီသမ္မာကျမ်း “ငါ၏အစေအပါးမောရှေကွယ်လွန်ပြီ။ ထို့ကြောင့် သင်နှင့်ဤလူအပေါင်းတို့သည် ဤဂျော်ဒန်မြစ်ကိုကူးပြီးလျှင် အစ္စရေးအမျိုးသားတို့အား ငါပေးသောပြည်ထဲသို့ ဝင်ကြလော့။ Common Language Bible ``ငါ၏အစေခံမောရှေအနိစ္စရောက်ပြီ။ သင် နှင့်ဣသရေလအမျိုးသားအပေါင်းတို့သည် ယော်ဒန်မြစ်ကိုဖြတ်ကူး၍ ငါပေးသနားတော် မူမည့်ပြည်တွင်းသို့ဝင်ရောက်ရန်ယခုအသင့် ပြင်ဆင်လော့။- Garrad Bible ငါ့ ကျွန် ရင်း မော ရှေ ကွယ် လွန် လေ ပြီ။ သို့ ဖြစ်၍ ဣ သ ရေ လ အ မျိုး သား တို့ အား ငါ ပေး သော ပြည် ရောက် သင် နှင့် တ ကွ လိုက် ရှိ သူ အ ပေါင်း တို့ ပါ၊ ထ၍ ဤ ယော် ဒန် မြစ် ကို ကူး ကြ လော့။ Judson Bible ငါ၏ကျွန်မောရှေသည် အနိစ္စရောက်လေပြီ။ သို့ဖြစ်၍၊ သင်နှင့် သင်၌ပါသော ဤလူအပေါင်းတို့သည် ယခုထ၍ ယော်ဒန်မြစ်တစ်ဖက်သို့ ကူးကြလော့။ ဣသရေလအမျိုးသားတို့အား ငါပေးသောပြည်ကို ဝင်စားကြလော့။ |
သင်တည်းခိုနေထိုင်သောပြည်ဖြစ်သည့် ခါနာန်ပြည်တစ်ပြည်လုံးကို သင်နှင့်နောင်လာမည့် သင်၏သားစဉ်မြေးဆက်အား အစဉ်အမြဲပိုင်ဆိုင်ရာအဖြစ် ငါပေးမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်”ဟု မိန့်တော်မူ၏။
သူတို့၏သားမြေးများကို မိုးကောင်းကင်ကြယ်ကဲ့သို့ များပြားစေတော်မူ၏။ ဘိုးဘေးတို့ဝင်ရောက်ပိုင်ဆိုင်ရန် ကိုယ်တော်မိန့်မှာသည့်ပြည်သို့ သူတို့ကိုပို့ဆောင်တော်မူ၏။
ထိုအခါ ထာဝရဘုရားက စာတန်အား “ငါ့အစေအပါးယောဘကို သင်သတိထားမိသလော။ မြေကြီးပေါ်တွင် သူနှင့်တူသူတစ်ယောက်မျှမရှိ။ သူသည် အပြစ်တင်စရာမရှိ၊ ဖြောင့်မှန်သောသူ၊ ဘုရားသခင်ကိုကြောက်ရွံ့ရိုသေသောသူ၊ မကောင်းမှုကို ရှောင်ကြဉ်သောသူဖြစ်၏”ဟု မိန့်တော်မူ၏။
ဤသူကား ငါထောက်မသော ငါ့အစေအပါး၊ ငါရွေးကောက်သော၊ ငါနှစ်သက်မြတ်နိုးသောသူပင်တည်း။ ငါ့ဝိညာဉ်ကို သူ့အပေါ် တည်စေပြီ။ သူသည် တရားမျှတမှုကို လူမျိုးတကာတို့ထံသို့ ယူဆောင်လာမည်။
ငါ၏အိမ်တော်တစ်ခုလုံးအပေါ်သစ္စာရှိသော ငါ၏အစေအပါးမောရှေနှင့်မူကား ထိုသို့မဟုတ်ဘဲ
ယောရှုသည် ဤလူမျိုးတို့ကို ဦးဆောင်လျက် ဂျော်ဒန်မြစ်ကိုကူးသွား၍ သင်တွေ့မြင်ရမည့်ပြည်ကို သူတို့အား အမွေခွဲပေးရမည်ဖြစ်သောကြောင့် သူ့ကိုညွှန်ကြားလော့။ သူ့ကို အားပေးထောက်မလော့’ဟု မိန့်တော်မူ၏။
ထို့နောက် မောရှေသည် ယောရှုကိုခေါ်၍ အစ္စရေးလူမျိုးအပေါင်းတို့၏ရှေ့၌ သူ့အား “အားယူ၍ရဲရင့်ခြင်းရှိလော့။ အကြောင်းမူကား ထိုပြည်ကို ဤလူမျိုးတို့အားပေးမည်ဟု သူတို့၏ဘိုးဘေးတို့အား ထာဝရဘုရားကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုပြည်သို့ သင်သည် သူတို့နှင့်အတူဝင်ရောက်၍ ထိုပြည်ကို သူတို့၏ အမွေဖြစ်စေရမည်။
ထာဝရဘုရား၏အမိန့်တော်အတိုင်း ထာဝရဘုရား၏အစေအပါးမောရှေသည် မောဘပြည်ရှိ ထိုတောင်ပေါ်၌သေဆုံးလေ၏။
ထာဝရဘုရား၏အစေအပါးမောရှေကွယ်လွန်ပြီးသည့်နောက် မောရှေ၏လက်ထောက်ဖြစ်သော နုန်၏သားယောရှုအား ထာဝရဘုရားက
“တပ်စခန်းတစ်လျှောက်လုံးသို့ သွား၍ လူတို့အား ‘သုံးရက်အတွင်းတွင် ဂျော်ဒန်မြစ်ကို ကူးပြီး သင်တို့၏ဘုရားသခင်ထာဝရဘုရား အပိုင်ပေးတော်မူသောပြည်ကို ဝင်ရောက်သိမ်းပိုက်ရမည်ဖြစ်သောကြောင့် စားနပ်ရိက္ခာ အသင့်ပြင်ဆင်ကြလော့’ဟူ၍ ပြောကြားလော့”ဟု မှာကြားလေ၏။