“ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲမှထွက်လာ၏။ အဝတ်မပါဘဲ ပြန်သွားရတော့မည်။ ထာဝရဘုရား ပေးသနားတော်မူ၏။ ထာဝရဘုရား ပြန်ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏နာမတော်သည် မင်္ဂလာရှိပါစေသတည်း”ဟု ဆိုလေ၏။
ယောန 4:7 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် နောက်တစ်နေ့အရုဏ်တက်ချိန်တွင် ဘုရားသခင်သည် ထိုကြက်ဆူပင်အပေါ် ပိုးကောင်ကျစေ၍ ဖျက်ဆီးသဖြင့် အပင်မှာခြောက်သွေ့သွားလေ၏။ Common Language Bible သို့ရာတွင်နောက်တစ်နေ့မိုးသောက်ချိန်၌ ဘုရားသခင်သည်ယောနအရိပ်ခိုနေ သောအပင်ကို ပိုးကောင်တစ်ကောင်အား ကိုက်စေသဖြင့်ထိုအပင်သေလေ၏။- Garrad Bible နက် ဖြန် အ ရုဏ် တက် သော အ ခါ၊ ဘု ရား သ ခင် စီ မံ တော် မူ သည့် အ တိုင်း၊ ပိုး ကောင် သည် ကြက် ဆူ ပင် ကို ကိုက်၍ ညှိုး နွမ်း စေ၏။ Judson Bible နက်ဖြန်မိုးလင်းသောအခါ ဘုရားသခင်ခန့်ထားတော်မူသော ပိုးကောင်သည် ကြက်ဆူပင်ကိုကိုက်၍ ညှိုးနွမ်းစေ၏။ |
“ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲမှထွက်လာ၏။ အဝတ်မပါဘဲ ပြန်သွားရတော့မည်။ ထာဝရဘုရား ပေးသနားတော်မူ၏။ ထာဝရဘုရား ပြန်ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏နာမတော်သည် မင်္ဂလာရှိပါစေသတည်း”ဟု ဆိုလေ၏။
ဤသည်ကား ကိုယ်တော်၏ဒေါသ၊ ကိုယ်တော်၏အမျက်တော်ကြောင့် ဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကိုချီးမြှောက်ပြီးမှ ပစ်ချတော်မူ၏။
စပျစ်ပင်ခြောက်သွေ့ပြီ။ သဖန်းပင် ညှိုးနွမ်းပြီ။ သလဲပင်၊ စွန်ပလွံပင်၊ ပန်းသီးပင်အစရှိသောကွင်းပြင်ရှိ အပင်အားလုံးတို့သည်လည်း ခြောက်သွေ့လေပြီ။ စင်စစ် လူသားတို့အဖို့ ပျော်ရွှင်ခြင်းသည် ပျောက်လွင့်သွားလေပြီ။
ဘုရားသခင်ထာဝရဘုရားသည် ထိုနေရာတွင် ယောနခေါင်းပေါ်အရိပ်ရရန် ကြက်ဆူပင်တစ်ပင်ကိုပေါက်စေခြင်းဖြင့် စိတ်ဒုက္ခဖြစ်ခြင်းမှ သက်သာစေ၏။ ယောနသည် ထိုကြက်ဆူပင်ကြောင့် ဝမ်းသာအားရ ဖြစ်လေ၏။