ယောန 4:1 - မြန်မာ့စံမီသမ္မာကျမ်း ယောနသည် ထိုအမှုအရာကို အလွန်ပင်ဘဝင်မကျနိုင်အောင်ဖြစ်လျက် အမျက်ထွက်ပြီး Common Language Bible ဤသို့ဖြစ်ရခြင်းကြောင့်ယောနသည်လွန်စွာ စိတ်မကျေမချမ်းဖြစ်၍စိတ်ဆိုးသဖြင့်၊- Garrad Bible ယော န သည်၊ အ လွန် မ နှစ် သက် သ ဖြင့် အ မျက် ထွက်၍၊ ထာ ဝ ရ ဘု ရား အား ပ ဌ နာ ပြု သည် မှာ၊ Judson Bible ယောနသည် အလွန်စိတ်ညစ်၍ အမျက်ထွက်သဖြင့်၊ အို ထာဝရဘုရား၊ အကျွန်ုပ်တောင်းပန်ပါ၏။ အကျွန်ုပ်သည် ကိုယ်ပြည်၌ရှိစဉ်၊ ဤသို့ပြောပါပြီမဟုတ်လော။ ထိုကြောင့်၊ ကိုယ်တော်ထံမှ တာရှုမြို့သို့ ကြိုးစား၍ ပြေးပါ၏။ |
ထိုအခါ ဘုရားသခင်က ယောနအား “ကြက်ဆူပင်ကြောင့် သင်အမျက်ထွက်သင့်သလော”ဟု မေးတော်မူလျှင် ယောနက “သေလုမတတ် အမျက်ထွက်သင့်ပါ၏”ဟု လျှောက်လေ၏။
ငါပိုင်ဆိုင်သောဥစ္စာဖြင့် ငါပြုလိုသည့်အရာကို ငါပြုပိုင်ခွင့်မရှိသလော။ သို့မဟုတ် ငါသည် သဘောကောင်းသောကြောင့် သင်သည် မရှုဆိတ်ဖြစ်နေသလော’ဟု ဆိုလေ၏။
ထိုအခါ သားကြီးသည် အမျက်ထွက်၍ အထဲသို့မဝင်လိုသောကြောင့် သူ၏ဖခင်သည် အပြင်သို့ထွက်လာ၍ သူ့ကိုဖျောင်းဖျလေ၏။
ကိုယ်တော်ကိုဖိတ်ခေါ်သောဖာရိရှဲသည် ထိုအခြင်းအရာကိုမြင်သောအခါ “ဤသူသည် ပရောဖက်ဖြစ်သည်ဆိုလျှင် သူ့ကိုတို့ထိနေသောအမျိုးသမီးသည် မည်သူဖြစ်ကြောင်းနှင့် မည်သို့သောအမျိုးသမီးဖြစ်ကြောင်းသိရမည်။ အကြောင်းမူကား ဤအမျိုးသမီးသည် အပြစ်များသောသူဖြစ်၏”ဟု မိမိစိတ်ထဲ၌ဆိုလေ၏။
ထိုအခါ ပေါလုနှင့်ဗာနဗတို့သည် ရဲရင့်စွာဟောပြောလျက် “ဘုရားသခင်၏နှုတ်ကပတ်တရားကို သင်တို့အား ဦးစွာဟောပြောရန်လိုအပ်၏။ သို့သော် သင်တို့သည် ၎င်းကိုငြင်းပယ်၍ မိမိတို့ကိုယ်ကို ထာဝရအသက်နှင့်မထိုက်တန်ဟု စီရင်ကြသောကြောင့် ငါတို့သည် လူမျိုးခြားတို့ထံသို့ လှည့်သွားကြ၏။