ယောရှဖတ်မင်းကြီးသည်ကြောက်ရွံ့၍ ထာဝရဘုရားကိုရှာရန် စိတ်ဆုံးဖြတ်ပြီး ယုဒပြည်တစ်ပြည်လုံးသို့ အစာရှောင်ရန် ကြေညာ၏။
ယောန 3:7 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ရှင်ဘုရင်သည် မင်းအရာရှိတို့နှင့်တိုင်ပင်ပြီး နိနေဝေမြို့တစ်မြို့လုံးသို့ ကြေညာသည်မှာ “လူမှစ၍ တိရစ္ဆာန်များဖြစ်သော သိုးနွားတို့သည် မည်သည့်အစာကိုမျှ မမြည်းရ။ မစားရ။ ရေလည်းမသောက်ရ။ Common Language Bible ထိုနောက်နိနေဝေဘုရင်သည်နိနေဝေမြို့ သူမြို့သားတို့သိကြစေရန်အမိန့်တော် ကိုထုတ်ပြန်လိုက်၏။ ထုတ်ပြန်ချက်မှာ``ဤ အမိန့်ကားဘုရင်နှင့်မှူးမတ်များထံမှ ဖြစ်၏။ အဘယ်သူမျှအစားအစာမစားရ၊ လူအားလုံးနှင့်တိရစ္ဆာန်အားလုံးတို့သည် အစာမစားရ၊ ရေမသောက်ရ။- Garrad Bible ဘု ရင် မင်း နှင့် မှူး မတ် တို့ ပြ ဋ္ဌာန်း ချက် အ တိုင်း၊ နိ န ဝေ တစ် မြို့ လုံး တွင် ကြော် ငြာ စေ သည် မှာ၊ လူ သ တ္တ ဝါ၊ သိုး နွား မှ စ၍ တိရ စ္ဆာန် တို့ သည်၊ မည် သည့် အ ရာ ကို မျှ မ မြည်း ကြ စေ နှင့်။ အ စာ ကို မ စား၊ ရေ ကို မ သောက် ကြ စေ နှင့်။ Judson Bible လူသတ္တဝါ တိရစ္ဆာန်သိုးနွားတို့သည် အလျှင်း မမြည်စေနှင့်။ အစာကို မစား၊ ရေကိုမသောက်စေနှင့်။ |
ယောရှဖတ်မင်းကြီးသည်ကြောက်ရွံ့၍ ထာဝရဘုရားကိုရှာရန် စိတ်ဆုံးဖြတ်ပြီး ယုဒပြည်တစ်ပြည်လုံးသို့ အစာရှောင်ရန် ကြေညာ၏။
လမ်းခရီးတွင် ငါတို့နှင့်ကလေးသူငယ်များအပါအဝင် ပစ္စည်းဥစ္စာများ လုံခြုံမှုရှိစေရန် ဘုရားသခင်ရှေ့တော်၌ ကိုယ်ကိုနှိမ့်ချ၍ အစာရှောင်ဆုတောင်းကြမည့်အကြောင်း အဟာဝမြစ်နားတွင် ငါကြေညာ၏။
တိရစ္ဆာန်များလည်း ညည်းတွားရလေပြီ။ စားကျက်မြေ မရှိတော့သဖြင့် တိရစ္ဆာန်အုပ်များ တဝဲလည်လည်ဖြစ်ရလေပြီ။ သိုးအုပ်များလည်း ဒုက္ခရောက်လေပြီ။
ထိုအခါ နိနေဝေမြို့သားတို့သည် ဘုရားသခင်ကို ယုံကြည်သဖြင့် အစာရှောင်ရာနေ့ကို ကြေညာပြီးလျှင် အကြီးဆုံးမှအငယ်ဆုံးတိုင်အောင် လျှော်တေအဝတ်ကိုဝတ်ကြ၏။