အာဗြဟံသည် နံနက်စောစောထ၍ မြည်းပေါ်ကုန်းနှီးတင်ပြီးလျှင် သူ၏ငယ်သားနှစ်ယောက်နှင့်သူ၏သားဣဇက်ကို မိမိနှင့်အတူခေါ်၍ မီးရှို့ရာယဇ်အတွက်ထင်းကိုခွဲပြီးမှ ထ၍ မိမိအားဘုရားသခင်မိန့်တော်မူသောအရပ်သို့ သွားလေ၏။
ယောန 3:3 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယောနသည် ထ၍ ထာဝရဘုရား၏အမိန့်တော်အတိုင်း နိနေဝေမြို့သို့ သွားလေ၏။ နိနေဝေမြို့သည် အလွန်ကြီးသောမြို့ဖြစ်၍ သုံးရက်ခရီးအကျယ်အဝန်းရှိ၏။ Common Language Bible သို့ဖြစ်၍ယောနသည်ထာဝရဘုရား၏ အမိန့်တော်ကိုနာခံ၍နိနေဝေမြို့ကို သွား၏။ နိနေဝေမြို့သည်အလွန်ကြီးရ ကားထိုမြို့ကိုတစ်ဘက်မှတစ်ဘက်သို့ ဖြတ်လျှောက်လျှင်သုံးရက်ခရီးကြာ၏။- Garrad Bible ထို အ ခါ၊ ထာ ဝ ရ ဘု ရား၏ အ မိန့် တော် အ တိုင်း၊ ယော န သည် ထ၍ နိ န ဝေ မြို့ သို့ သွား လေ၏။ နိ န ဝေ မြို့ သည် သုံး ရက် ခ ရီး တိုင် တိုင် အ လွန် ကျယ် ဝန်း သော မြို့ ကြီး ဖြစ် သ တည်း။ Judson Bible ထိုအခါ ထာဝရဘုရား၏အမိန့်တော်အတိုင်း ယောနသည် ထ၍ နိနေဝေမြို့သို့ သွား၏။ နိနေဝေမြို့သည် အလွန်ကြီးသောမြို့၊ သုံးရက်ခရီး ကျယ်ဝန်းသောမြို့ ဖြစ်သတည်း။ |
အာဗြဟံသည် နံနက်စောစောထ၍ မြည်းပေါ်ကုန်းနှီးတင်ပြီးလျှင် သူ၏ငယ်သားနှစ်ယောက်နှင့်သူ၏သားဣဇက်ကို မိမိနှင့်အတူခေါ်၍ မီးရှို့ရာယဇ်အတွက်ထင်းကိုခွဲပြီးမှ ထ၍ မိမိအားဘုရားသခင်မိန့်တော်မူသောအရပ်သို့ သွားလေ၏။
ထိုအခါ ရာခေလက “ငါသည် ငါ့အစ်မနှင့် အကြိတ်အနယ်နပန်းလုံး၍ နိုင်ခဲ့ပြီ”ဟု ဆိုလျက် ထိုသား၏အမည်ကို နဿလိ ဟုမှည့်ခေါ်လေ၏။
ကိုယ်တော်၏ဖြောင့်မတ်ခြင်းသည် မြင့်မားသောတောင်များကဲ့သို့လည်းကောင်း၊ ကိုယ်တော်၏တရားစီရင်ခြင်းတို့သည် အလွန်နက်ရှိုင်းရာအရပ်ကဲ့သို့လည်းကောင်း ဖြစ်ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်သည် လူနှင့်တိရစ္ဆာန်တို့ကို ကယ်တင်တော်မူ၏။
ထိုအပင်သည် တောင်များကို မိမိ၏အရိပ်ဖြင့်လည်းကောင်း၊ မြင့်မားသောသစ်ကတိုးပင်တို့ကို မိမိ၏အကိုင်းအခက်များဖြင့်လည်းကောင်း ဖုံးလွှမ်းခဲ့ပါ၏။
ထိုအခါ အဆီးရီးယားဘုရင်သနာခရိပ်မင်းကြီးသည် တပ်စခန်းသိမ်း၍လှည့်ပြန်သွားပြီး နိနေဝေမြို့၌ စံမြန်းလေ၏။
“ထလော့။ နိနေဝေမြို့ကြီးသို့ သွားလော့။ သူတို့ပြုသောမကောင်းမှုများသည် ငါ့ရှေ့မှောက်တွင် ထင်ရှားလှပြီဖြစ်၍ သူတို့ကို ဆန့်ကျင်ဟောပြောလော့”ဟု မိန့်ဆို၏။
ငါသည် တိရစ္ဆာန်အများအပြားကို မဆိုထားနှင့်၊ မိမိလက်ဝဲလက်ယာကိုပင် ခွဲခြားမသိနိုင်သောလူတစ်သိန်းနှစ်သောင်းကျော်ရှိသောနိနေဝေမြို့ကြီးကို နှမြောသင့်သည်မဟုတ်လော”ဟု မိန့်တော်မူ၏။
လုကာတစ်ဦးတည်းသာ ငါနှင့်အတူရှိ၏။ မာကုကို သင်နှင့်အတူခေါ်ဆောင်လာခဲ့လော့။ အကြောင်းမူကား သူသည် ငါ့အတွက် အမှုတော်လုပ်ငန်း၌ အသုံးဝင်သူဖြစ်၏။