ရှေ့တော်တွင် မရဏာနိုင်ငံသည် ဟင်းလင်းဖြစ်ပါ၏။ ပျက်စီးခြင်းနိုင်ငံသည် အဖုံးအကွယ်မရှိပါ။
ယောဘဝတ္တု။ 41:11 - မြန်မာ့စံမီသမ္မာကျမ်း မည်သူသည် ငါ့ကို အလျင်ပေး၍ ငါပြန်ပြီးပေးရမည်နည်း။ မိုးကောင်းကင်အောက် ရှိသမျှတို့သည် ငါ့အပိုင် ဖြစ်၏။ Common Language Bible ငါသည် ကျေးဇူးတုံ့ပြုရမည်အကြောင်း အဘယ် သူသည် ငါ၌ ကျေးဇူးပြုဘူးသနည်း။ မိုဃ်းကောင်းကင် အောက်၌ ရှိသမျှတို့သည် ငါ၏ ဥစ္စာဖြစ်ကြ၏။ Garrad Bible ကောင်း ကင် အောက် ရှိ ရှိ သ မျှ ငါ ပိုင် ရာ ဖြစ်၍၊ ငါ တုံ့ ပြန် ရ စေ ခြင်း ငှာ၊ မည် သူ ပေး နှင့် ဖူး သ နည်း။ Judson Bible ငါသည် ကျေးဇူးတုံ့ပြုရမည်အကြောင်း အဘယ်သူသည် ငါ၌ ကျေးဇူးပြုဖူးသနည်း။ မိုးကောင်းကင်အောက်၌ ရှိသမျှတို့သည် ငါ၏ဥစ္စာ ဖြစ်ကြ၏။ |
ရှေ့တော်တွင် မရဏာနိုင်ငံသည် ဟင်းလင်းဖြစ်ပါ၏။ ပျက်စီးခြင်းနိုင်ငံသည် အဖုံးအကွယ်မရှိပါ။
အကြောင်းမူကား ကိုယ်တော်သည် မြေကြီးစွန်းတိုင်အောင် ကြည့်ရှုတော်မူ၏။ မိုးကောင်းကင်အောက် ရှိသမျှတို့ကို မြင်တော်မူ၏။
သင်လက်မခံဘဲနှင့် ကိုယ်တော်က သင့်ကိုဆုချပေးမည်ဟု သင်ထင်သလော။ ရွေးချယ်ရမည့်သူမှာ အကျွန်ုပ်မဟုတ်ပါ၊ သင်ဖြစ်၏။ ထို့ကြောင့် သင်သိသောအရာကို ပြောပါလော့။
သင်ဖြောင့်မတ်လျှင်လည်း ကိုယ်တော့်ကို မည်သို့ပြုပေးနိုင်မည်နည်း။ သင့်လက်မှ ကိုယ်တော် မည်သည့်အရာကို ရရှိနိုင်မည်နည်း။
လဝိသန်၏ခြေလက်အင်္ဂါအကြောင်း၊ ခွန်အားကြီးကြောင်း၊ ကိုယ်လုံးကိုယ်ထည်တောင့်တင်းကြောင်းကို ငါ မပြောပြဘဲ နေမည်မဟုတ်။
ကိုယ်တော်သည် တောင်တို့ကို ရွှေ့ပစ်လိုက်၏။ အမျက်တော်ဖြင့် တောင်တို့ကိုမှောက်လှန်တော်မူသောအခါ မည်သူမျှ မသိနားမလည်ကြ။
ကောင်းကင်သည် ထာဝရဘုရား၏ကောင်းကင်ဖြစ်၏။ ကမ္ဘာမြေကြီးကိုကား လူသားတို့အား ပေးတော်မူ၏။
အကြောင်းမူကား ကိုယ်တော်သည် ကြွယ်ဝသောကောင်းချီးမင်္ဂလာများဖြင့် သူ့ကိုကြိုဆိုလျက် သူ၏ဦးခေါင်းပေါ်တွင် ရွှေစင်သရဖူကိုတင်တော်မူ၏။
ထာဝရဘုရားသည် မြေကြီးနှင့် မြေကြီးပေါ်၌ ရှိသမျှသောအရာတို့ကိုလည်းကောင်း၊ ကမ္ဘာလောကနှင့် ကမ္ဘာလောက၌ နေထိုင်သောသူတို့ကိုလည်းကောင်း ပိုင်တော်မူ၏။
ငါဆာလောင်မွတ်သိပ်ခဲ့လျှင်ပင် သင့်ကို ငါပြောမည်မဟုတ်။ အကြောင်းမူကား ကမ္ဘာလောကမှစ၍ ၎င်းတွင်ရှိသမျှသောအရာတို့ကို ငါပိုင်၏။
ယခု သင်တို့သည် ငါ့စကားကိုသေချာစွာနားထောင်၍ ငါ၏ပဋိညာဉ်ကိုစောင့်ထိန်းလျှင် လူမျိုးတကာတို့တွင် သင်တို့သည် ငါပိုင်တော်မူရာဘဏ္ဍာတော်ဖြစ်ကြလိမ့်မည်။ အကယ်စင်စစ် ကမ္ဘာမြေတစ်ခွင်လုံးကို ငါပိုင်၏။
မိမိအပေါ် ကိုယ်တော်ကျေးဇူးတုံ့ပြန်ရလေအောင် မည်သူသည် ကိုယ်တော်အား ဦးစွာကျေးဇူးပြုဖူးသနည်း။”
အကြောင်းမူကား “မြေကြီးနှင့် မြေကြီးပေါ်၌ရှိသမျှသောအရာတို့ကို ထာဝရဘုရားပိုင်ဆိုင်တော်မူ၏။”
သို့သော် တစ်စုံတစ်ယောက်က “ဤအရာသည် ရုပ်တုအားပူဇော်ထားသောအရာဖြစ်သည်”ဟု သင်တို့ကိုဆိုခဲ့လျှင် ထိုသို့ဆိုသောသူအတွက်လည်းကောင်း၊ အသိစိတ်အတွက်လည်းကောင်း ထိုအရာကိုမစားကြနှင့်။
သင်၏ဘုရားသခင်ထာဝရဘုရားသည် မိုးကောင်းကင်နှင့် အမြင့်ဆုံးမိုးကောင်းကင်ကိုလည်းကောင်း၊ မြေကြီးနှင့် မြေကြီး၌ရှိသောအရာအားလုံးကိုလည်းကောင်း ပိုင်ဆိုင်သောအရှင်ဖြစ်သော်လည်း
မြေတစ်ပြင်လုံးကိုအစိုးရသောအရှင်သခင်၏ပဋိညာဉ်သေတ္တာတော်သည် ဂျော်ဒန်မြစ်ကို သင်တို့ရှေ့မှကူးသွားမည်။