သူ့အမြီးသည် သစ်ကတိုးပင်ကဲ့သို့ မာကျော၏။ သူ့ပေါင်ကြောတို့သည်လည်း လိမ်ခွေယှက်ဖြာလျက် ရှိ၏။
သူ့အမြီးသည် အာရဇ်ပင်ကဲ့သို့ လှုပ်တတ်၏။ ပေါင်ကြောတို့သည် အထပ်ထပ်ရှိကြ၏။
အ မြီး သည် ထင်း ရူး ခက် ကဲ့ သို့ တွဲ လျား ကျ လျက်၊ ပေါင် ကြော များ လည်း လိမ် ရှက် လျက် ရှိ၏။
သူ့အမြီးသည် အာရဇ်ပင်ကဲ့သို့ လှုပ်တတ်၏။ ပေါင်ကြောတို့သည် အထပ်ထပ်ရှိကြ၏။
ဘုရားသခင်သည် ကြီးမားသောပင်လယ်သတ္တဝါများနှင့် ရေ၌ပြည့်နှက်နေသည့် လှုပ်ရှားသွားလာတတ်သော သက်ရှိသတ္တဝါအမျိုးမျိုးတို့ကို အမျိုးအလိုက်၊ တောင်ပံရှိသောငှက်အမျိုးမျိုးတို့ကို အမျိုးအလိုက် ဖန်ဆင်းတော်မူ၏။ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။
အကျွန်ုပ်ကို အရေပြားနှင့်အသားတို့ဖြင့် ဖုံးအုပ်ပြီး အရိုးနှင့်အရွတ်တို့ဖြင့် ဖွဲ့စည်းတော်မူပါ၏။
သူ့ခွန်အားသည် သူ့ခါး၌ရှိ၍ သူ့စွမ်းအားသည် သူ့ဝမ်းဗိုက်ကြွက်သားများ၌ ရှိ၏။
သူ့အရိုးတို့သည် ကြေးဝါချောင်းများနှင့်တူ၏။ ခြေချောင်းလက်ချောင်းတို့သည်လည်း သံချောင်းနှင့်တူ၏။
သူ့အသားစိုင်တို့သည် ပူးကပ်လျက်ရှိ၍ မရွေ့မလျားနိုင်အောင် တောင့်တင်းမာကျောနေ၏။