တံပိုးမှုတ်လိုက်သည်နှင့် ဟီးကနဲအော်မြည်တတ်၏။ တိုက်ပွဲထဲမှ တပ်မှူးတို့၏စစ်ငြာသံနှင့် ကြွေးကြော်သံတို့ကို အဝေးမှ အာရုံရတတ်၏။
ယောဘဝတ္တု။ 39:26 - မြန်မာ့စံမီသမ္မာကျမ်း သိမ်းငှက်က သူ၏အတောင်ပံတို့ကိုဖြန့်ပြီး တောင်အရပ်သို့ ပျံသန်းသွားသည်မှာ သင်ပညာသင်ပေးထား၍လော။ Common Language Bible သင်ပေးသော ဥာဏ်အားဖြင့် သိမ်းငှက်သည် အတောင်ကို ဖြန့်၍ တောင်မျက်နှာသို့ ပျံသွားတတ် သလော။ Garrad Bible ဥ ဩ ငှက် သည် အ တောင် ကို ဖြန့် လျက်၊ တောင် မျက် နှာ သို့ ပျံ သွား တတ် သည် ကား၊ သင့် ဉာဏ် ကြောင့် ဖြစ် သ လော။ Judson Bible သင်ပေးသောဉာဏ်အားဖြင့် သိမ်းငှက်သည် အတောင်ကိုဖြန့်၍ တောင်မျက်နှာသို့ ပျံသွားတတ်သလော။ |
တံပိုးမှုတ်လိုက်သည်နှင့် ဟီးကနဲအော်မြည်တတ်၏။ တိုက်ပွဲထဲမှ တပ်မှူးတို့၏စစ်ငြာသံနှင့် ကြွေးကြော်သံတို့ကို အဝေးမှ အာရုံရတတ်၏။
လင်းယုန်ငှက်က အမြင့်သို့ပျံသန်း၍ အသိုက်ကိုလည်း အမြင့်ဆုံးနေရာ၌ဆောက်လုပ်တတ်သည်မှာ သင်အမိန့်ပေးထား၍လော။
မြေပေါ်မှာ ပန်းများ ပွင့်လေပြီ။ တေးသီချင်းသီဆိုချိန်ရောက်ပြီ။ ငါတို့ပြည်တွင် ချိုးကူသံလည်းကြားရပြီ။
“မိုးကောင်းကင်၌ပျံဝဲသောငှက်ကျားပင်လျှင် ရာသီအချိန်ကိုသိ၏။ ချိုးငှက်၊ ကြိုးကြာ၊ ပျံလွှားတို့သည်လည်း သွားလာရမည့်အချိန်ကို မှတ်တတ်ကြ၏။ ငါ့လူမျိုးတော်မူကား ထာဝရဘုရား၏စီရင်ထုံးဖွဲ့ချက်ကို မသိကြ။
အာရုန်သည် မိမိအတွက် အပြစ်ဖြေရာယဇ်အဖြစ် နွားထီးကို ပူဇော်ရမည်။ မိမိနှင့်မိမိအိမ်သူအိမ်သားအတွက် အပြစ်ဖြေလွှတ်ခြင်းကို ပြုရမည်။ မိမိအတွက် အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီးကို သတ်ရမည်။