ထိုဘုရင်ကိုရည်ညွှန်း၍ ထာဝရဘုရားက ‘ဇိအုန်သမီးပျိုသည် သင့်ကိုမထီမဲ့မြင်ပြုလေပြီ။ သင့်ကိုပြက်ရယ်ပြုလေပြီ။ ဂျေရုဆလင်သမီးပျိုသည် သင့်နောက်မှနေ၍ ခေါင်းခါယမ်းလေပြီ။
ယောဘဝတ္တု။ 39:18 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် အတောင်ပံကိုအမြင့်ဆုံးဖြန့်ပြီးသောအချိန်တွင် မြင်းနှင့်မြင်းစီးသူကိုပင် လှောင်ရယ်တတ်၏။ Common Language Bible သို့သော်လည်း ကိုယ်ကို ချီကြွသောအခါ၊ မြင်းနှင့်မြင်းစီးသော သူကိုပင် ရယ်တတ်၏။ Garrad Bible အ တောင် ကို ချီ ခတ် သော အ ခါ၊ မြင်း နှင့် တ ကွ စီး လိုက် သူ့ ကို ပင် ပြက် ရယ် ပြု တတ်၏။ Judson Bible သို့သော်လည်း ကိုယ်ကိုချီကြွသောအခါ၊ မြင်းနှင့် မြင်းစီးသောသူကိုပင် ရယ်တတ်၏။ |
ထိုဘုရင်ကိုရည်ညွှန်း၍ ထာဝရဘုရားက ‘ဇိအုန်သမီးပျိုသည် သင့်ကိုမထီမဲ့မြင်ပြုလေပြီ။ သင့်ကိုပြက်ရယ်ပြုလေပြီ။ ဂျေရုဆလင်သမီးပျိုသည် သင့်နောက်မှနေ၍ ခေါင်းခါယမ်းလေပြီ။
အကြောင်းမူကား ဘုရားသခင်သည် သူ့အား ဉာဏ်ပညာရှိခွင့်မပေး။ အသိဉာဏ်ကိုလည်း မပေး။
ကြောက်မက်ဖွယ်ရာကိုပင် လှောင်ရယ်တတ်၏။ မည်သည့်အရာကိုမျှ မကြောက်တတ်။ ဓားရှေ့မှ ရှောင်သွားလေ့မရှိ။
သူသည် မြို့ပြဆူညံသံကို ဂရုမစိုက်။ မောင်းနှင်သောသူတို့၏အော်ငေါက်သံကိုလည်း နားမထောင်။
သူသည် တင်းပုတ်ကိုလည်း ရိုးပြတ်ဟုသာထင်မှတ်ပြီး လှံကိုဝှေ့ယမ်းပြလျှင်ပင် လှောင်ရယ်တတ်၏။
ဖျက်ဆီးခြင်းဘေး၊ ငတ်မွတ်ခြင်းဘေးတို့ကို သင်လှောင်ရယ်ရလိမ့်မည်။ တောရိုင်းတိရစ္ဆာန်တို့ကိုလည်း သင်ကြောက်ရွံ့ရလိမ့်မည်မဟုတ်။