ထိုဥတို့ကို တက်နင်းမိမည်၊ တောရိုင်းတိရစ္ဆာန်တို့ နင်းခွဲမိမည်ကိုလည်း သတိမထားတတ်။
ယောဘဝတ္တု။ 39:16 - မြန်မာ့စံမီသမ္မာကျမ်း မိမိသားပေါက်တို့ကိုလည်း ကိုယ့်သားပေါက်မဟုတ်သကဲ့သို့ ကြမ်းတမ်းစွာပြု၏။ သူလုပ်ဆောင်သမျှ အချည်းနှီးဖြစ်မည်ကိုလည်း မကြောက်။ Common Language Bible သားငယ်တို့ကို ကိုယ်သားကဲ့သို့မမှတ် ကြမ်းတမ်းစွာ ပြုတတ်၏။ စိုးရိမ်ခြင်းမရှိ။ သားဘွားခြင်း ဝေဒနာကို အချည်းနှီးခံတတ်၏။ Garrad Bible ဉာဏ် ပ ညာ ကို ဘု ရား သ ခင် ပေး သ နား တော် မ မူ သော ကြောင့်၊ ထို ငှက် သည် သား ရင်း မ ဟုတ် သ ကဲ့ သို့ ရက် စက် လျက်၊ ပင် ပန်း ကျိုး မဲ့ သည် ကို စိုး ရိမ် ခြင်း မ ရှိ ချေ။ Judson Bible သားငယ်တို့ကို ကိုယ်သားကဲ့သို့မမှတ် ကြမ်းတမ်းစွာပြုတတ်၏။ စိုးရိမ်ခြင်း မရှိ။ သားဖွားခြင်းဝေဒနာကို အချည်းနှီးခံတတ်၏။ |
ထိုဥတို့ကို တက်နင်းမိမည်၊ တောရိုင်းတိရစ္ဆာန်တို့ နင်းခွဲမိမည်ကိုလည်း သတိမထားတတ်။
အကြောင်းမူကား ဘုရားသခင်သည် သူ့အား ဉာဏ်ပညာရှိခွင့်မပေး။ အသိဉာဏ်ကိုလည်း မပေး။
မိုက်မဲသောသူတို့သည် မြို့သို့သွားသောလမ်းကိုပင် မသိသောကြောင့် သူတို့၏ကြိုးပမ်းအားထုတ်မှုသည် သူတို့ကိုပင်ပန်းစေ၏။
အို ထာဝရဘုရား၊ ကြည့်ရှု၍ဆင်ခြင်တော်မူပါ။ ကိုယ်တော်သည် မည်သူ့ကို ဤကဲ့သို့ပြုတော်မူခဲ့သနည်း။ အလိုလေး၊ မိန်းမတို့သည် မိမိရင်ခွင်ပိုက်ကလေးငယ်၏အသားကို စားရတော့မည်လော။ ယဇ်ပုရောဟိတ်နှင့်ပရောဖက်တို့လည်း ဘုရားရှင်၏သန့်ရှင်းရာဌာနတော်၌ ကွပ်မျက်ခံရတော့မည်လော။
ခွေးအတို့ပင်လျှင် သားပေါက်ကို နို့တိုက်တတ်၏။ ငါ့လူမျိုးသမီးပျိုတို့မူကား ကန္တာရငှက်ကုလားအုတ်ကဲ့သို့ ရက်စက်တတ်ပါသည်တကား။
ကြည့်ရှုလော့။ လူတို့သည် မီးစာဖြစ်သွားမည့်အရာအတွက် ကြိုးစားအားထုတ်လုပ်ကိုင်ကြပြီ။ လူမျိုးတို့သည် အချည်းနှီးသောအရာအတွက် အပင်ပန်းခံကြပြီ။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ဤသို့ဖြစ်စေပြီမဟုတ်လော။
အသိတရားကင်းမဲ့သောသူ၊ ကတိမတည်သောသူ၊ ကြင်နာစိတ်ကင်းမဲ့သောသူ၊ သနားခြင်းစိတ်မရှိသောသူများဖြစ်ကြ၏။