ငှက်ကုလားအုတ်သည် အတောင်ပံကို ဂုဏ်ယူဝင့်ကြွားစွာခတ်ပြသော်လည်း သူ့အတောင်ပံ၊ သူ့အမွေးသည် ငှက်ကျားနှင့် ယှဉ်နိုင်မည်လော။
ယောဘဝတ္တု။ 39:14 - မြန်မာ့စံမီသမ္မာကျမ်း သူသည် မြေပေါ်တွင် ဥပြီး ထိုဥတို့အနွေးဓာတ်ရရှိစေရန် မြေမှုန့်တွင် ထားခဲ့တတ်၏။ Common Language Bible သို့သော်လည်း မြေ၌ဥ၍ အဥတို့ကို မြေမှုန့်၌ နွေးစေတတ်၏။ Garrad Bible အ သို့ ကြောင့် ဆို သော်၊ ထို ငှက် သည် မြေ၌ ဥ ထား ခဲ့၍၊ မြေ မုန့် ဓာတ် ဖြင့် နွေး စ ရာ တွင်။ Judson Bible သို့သော်လည်း မြေ၌ဥ၍ အဥတို့ကို မြေမှုန့်၌ နွေးစေတတ်၏။ |
ငှက်ကုလားအုတ်သည် အတောင်ပံကို ဂုဏ်ယူဝင့်ကြွားစွာခတ်ပြသော်လည်း သူ့အတောင်ပံ၊ သူ့အမွေးသည် ငှက်ကျားနှင့် ယှဉ်နိုင်မည်လော။
ထိုဥတို့ကို တက်နင်းမိမည်၊ တောရိုင်းတိရစ္ဆာန်တို့ နင်းခွဲမိမည်ကိုလည်း သတိမထားတတ်။
မိမိအိမ်မှထွက်သွား၍ လှည့်လည်သွားလာသောသူသည် မိမိ၏အသိုက်မှထွက်သွား၍ လှည့်လည်သွားလာသောငှက်နှင့်တူ၏။
လူသည် ထိုအပင်တို့ကို ထင်းအဖြစ်သုံး၏။ တစ်ပိုင်းကိုယူ၍ မီးလှုံ၏။ မီးမွှေး၍လည်း မုန့်ဖုတ်တတ်၏။ ဘုရားရုပ်တုကိုလည်း ပြုလုပ်၍ ကိုးကွယ်တတ်၏။ ရုပ်တုဆင်းတုထုလုပ်၍ ပျပ်ဝပ်တတ်၏။
ခွေးအတို့ပင်လျှင် သားပေါက်ကို နို့တိုက်တတ်၏။ ငါ့လူမျိုးသမီးပျိုတို့မူကား ကန္တာရငှက်ကုလားအုတ်ကဲ့သို့ ရက်စက်တတ်ပါသည်တကား။