အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယောဘဝတ္တု။ 36:28 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို့နောက် မိုးတိမ်​များ​မှ မိုးရွာသွန်း​စေ​၏​။ လူ​တို့​အဖို့ မိုး​များစွာ​ရွာသွန်း​စေ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

မိုဃ်းတိမ်မှ လူတို့အပေါ်သို့ မိုဃ်းပေါက်ကျ၍၊ များစွာသော မိုဃ်းရွာတတ်၏။

အခန်းကိုကြည့်ပါ။

Judson Bible

မိုး​တိမ်​မှ လူ​တို့​အ​ပေါ်​သို့ မိုး​ပေါက်​ကျ၍၊ များ​စွာ​သော​မိုး ရွာ​တတ်၏။

အခန်းကိုကြည့်ပါ။



ယောဘဝတ္တု။ 36:28
8 ပူးပေါင်းရင်းမြစ်များ  

အကြောင်းမှာ ကိုယ်တော်​သည် ရေစက်ရေပေါက်​တို့​ကို အငွေ့ပြန်​စေ​၍ မိုးရေ​အဖြစ် ငွေ့ရည်​ဖွဲ့​စေ​၏​။


ထိုမျှမက တိမ်​များ ပြန့်​နေ​ခြင်း​၊ တဲ​တော်​မှ​မိုးခြိမ်းသံ​ထွက်​ခြင်း​တို့​ကို နားလည်​နိုင်​သလော​။


မိုးရေ​၌​ဖခင်​ရှိ​သလော​။ နှင်းစက်​တို့​ကို မည်သူ​ဖြစ်ပွား​စေ​သနည်း​။


သင့်​ကို မိုးရေ​များ ရွှဲနစ်​သွား​စေ​မည့်​အကြောင်း မိုးတိမ်​ကို အော်ခေါ်​ပြီး အမိန့်ပေး​နိုင်​သလော​။


ကိုယ်တော်​သည် တစ်နှစ်တာကာလ​ကို မိမိ​၏​ကောင်းမြတ်​ခြင်း​သရဖူ ဆောင်း​ပေး​တော်မူ​၏​။ ကိုယ်တော်​၏​လမ်း​တော်​တို့​သည်​လည်း ကြွယ်ဝခြင်း​နှင့်​ပြည့်လျှံ​လျက်​ရှိ​ပါ​၏​။


ကိုယ်တော်​၏​အသိပညာ​ဖြင့် နက်ရှိုင်း​ရာ​အရပ်​တို့​သည် ပေါက်ထွက် ၍ မိုးတိမ်​တို့​သည် နှင်း​ကို​တဖွဲဖွဲကျ​စေ​၏​။