‘ငါအပြစ်မပြုလျှင် ကိုယ်တော့်အဖို့ မည်သို့အကျိုးရှိမည်နည်း။ ငါ့အဖို့လည်း မည်သို့အကျိုးရှိမည်နည်း’ဟု သင်ဆို၏။
ယောဘဝတ္တု။ 36:21 - မြန်မာ့စံမီသမ္မာကျမ်း မကောင်းမှုဘက်သို့မလှည့်မိစေရန် သတိပြုပါလော့။ အကြောင်းမူကား ဖိစီးမှုကိုခံသည်ထက် မကောင်းမှုကိုပြုရန် သင်ဆန္ဒရှိလေပြီ။ Common Language Bible သတိပြုပါ။ မတရားသောအမှုကို မငဲ့ကွက်နှင့်။ ထိုသို့သော အမှုကိုဆင်းရဲခြင်းထက် သင်သည် အလို ရှိလေပြီတကား။ Garrad Bible သ တိ မူ လော့။ ဒု စ ရိုက် ကို မ ငဲ့ ကွက် နှင့်။ ညှဉ်း ဆဲ ခြင်း ခံ ရ သည် ထက်၊ ထို သို့ သော အ မှု ကို သင် ရွေး ချယ် ခဲ့ လေ ပြီ။ Judson Bible သတိပြုပါ။ မတရားသောအမှုကို မငဲ့ကွက်နှင့်။ ထိုသို့သောအမှုကို ဆင်းရဲခြင်းထက် သင်သည် အလိုရှိလေပြီတကား။ |
‘ငါအပြစ်မပြုလျှင် ကိုယ်တော့်အဖို့ မည်သို့အကျိုးရှိမည်နည်း။ ငါ့အဖို့လည်း မည်သို့အကျိုးရှိမည်နည်း’ဟု သင်ဆို၏။
ဆုံးမပဲ့ပြင်ခြင်းကို နာခံစေတော်မူ၏။ မကောင်းမှုကို စွန့်လွှတ်ရန် သွန်သင်တော်မူ၏။
သို့သော် ကိုယ်တော်သည် ဆင်းရဲဒုက္ခရောက်သူတို့ကို ထိုဆင်းရဲဒုက္ခထဲမှ ကယ်နုတ်တော်မူ၏။ အဖိနှိပ်ခံစေခြင်းဖြင့် နာခံခြင်းကိုပေးတော်မူ၏။
သို့သော် သူတို့သည် သံကြိုးနှင့်တုပ်နှောင်ခံရ၍ ဒုက္ခကြိုးများနှင့် ချည်နှောင်ခံရလျှင်လည်း
ထို့ကြောင့် ငါသည် နှုတ်ဆိတ်၍မနေနိုင်ပါ။ နာကြည်းသောစိတ်ဖြင့် ငါပြောမည်။ ခါးသီးသောစိတ်ဝိညာဉ်ဖြင့် ငါညည်းတွားမည်။
အချည်းနှီးသောရုပ်တုများကို ဆည်းကပ်သောသူတို့ကို အကျွန်ုပ်မုန်းပါ၏။ ထာဝရဘုရားကို အကျွန်ုပ်ယုံကြည်ကိုးစားပါ၏။
ငါ၏စိတ်နှလုံးထဲ၌ အပြစ်ဒုစရိုက်ကို ငါထွေးပိုက်ထားခဲ့လျှင် ဘုရားရှင်သည် နားညောင်းတော်မူလိမ့်မည်မဟုတ်။
သို့ဖြစ်၍ ထိုသူတို့အား ‘ဘုရားရှင်ထာဝရဘုရားက မိမိစိတ်ထဲတွင် ရုပ်တုများကို နေရာပေးလျက်၊ မိမိတို့ရှေ့တွင် ဒုစရိုက်ခလုတ်တံသင်းကို ချထားလျက်နှင့် ပရောဖက်ထံသို့လာရောက်မေးမြန်းသော အစ္စရေးလူမျိုးမည်သူမဆို ရုပ်တုကိုနေရာပေးလျှင် ပေးသလောက် သူ့ကို ငါထာဝရဘုရား တုံ့ပြန်မည်။
ထိုအမိန့်စာကို ဒါရိမင်းကြီးလက်မှတ်ရေးထိုးကြောင်း ဒံယေလကြားသိသော်လည်း သူသည် အိမ်သို့ပြန်၍အပေါ်ထပ် မိမိအခန်းသို့ဝင်ကာ ဂျေရုဆလင်မြို့ဘက်သို့မျက်နှာမူထားသော ပြတင်းပေါက်ကိုဖွင့်ပြီး ဘုရားသခင်ရှေ့တော်တွင် ယခင်ကတစ်နေ့သုံးကြိမ်ဒူးထောက်ဆုတောင်းခဲ့သည့်အတိုင်း ဆုတောင်းလျက်ကျေးဇူးတော်ကို ချီးမွမ်းလေ၏။
သို့သော် သူ၌အမြစ်မစွဲသဖြင့် ခဏသာခံ၏။ တရားစကားကြောင့် ဆင်းရဲဒုက္ခ၊ သို့မဟုတ် ညှဉ်းဆဲခြင်းရောက်လာသောအခါ ချက်ချင်းစိတ်ပျက်သွားလေ၏။
ထို့နောက် ယေရှုက တပည့်တော်တို့အား“မည်သူမဆို ငါ့နောက်သို့လိုက်လိုလျှင် မိမိကိုယ်ကိုငြင်းပယ်ပြီး မိမိ၏လက်ဝါးကပ်တိုင်ကိုထမ်းလျက် ငါ့နောက်သို့လိုက်ရမည်။
အပြစ်နှင့်ဆိုင်သောပျော်ရွှင်မှုကို ခဏသာခံစားရခြင်းထက် ဘုရားသခင်၏လူမျိုးတော်နှင့်အတူ ဆင်းရဲဒုက္ခခံရခြင်းကို ယုံကြည်ခြင်းအားဖြင့်ရွေးချယ်၏။
အကြောင်းမူကား ဘုရားသခင်အလိုတော်ရှိလျှင် မကောင်းသောအမှုကိုပြု၍ ဒုက္ခဝေဒနာခံစားရခြင်းထက် ကောင်းသောအမှုကိုပြု၍ ဒုက္ခဝေဒနာခံစားရခြင်းသည် သာ၍ကောင်း၏။