ယောဘဝတ္တု။ 34:35 - မြန်မာ့စံမီသမ္မာကျမ်း ‘ယောဘတစ်ယောက် အသိတရားမရှိဘဲ ပြောလေပြီ။ ပညာသတိမရှိသောစကားတို့ကို ပြောလေပြီ’ဟု ဆိုကြလိမ့်မည်။ Common Language Bible ယောဘသည် နားမလည်ဘဲပြောမိပြီ။ သူပြော သောစကားသည် ပညာစကားမဟုတ်။ Garrad Bible ယော ဘ သည် အ သိ ဉာဏ် မဲ့ ပြော ဆို သည်၊ စ ကား များ လည်း လိ မ္မာ ကင်း သည် ဟု၊ အ ကျွန်ုပ် အား ပြော ကြ လိမ့် မည်။ Judson Bible ယောဘသည် နားမလည်ဘဲ ပြောမိပြီ။ သူပြောသောစကားသည် ပညာစကားမဟုတ်။ |
“ပညာရှိသောသူသည် အသိပညာမဲ့သောအချည်းနှီးစကားဖြင့် ပြန်ပြောသင့်သလော။ သူ၏ဝမ်းစာကို အရှေ့လေဖြင့် ဖြည့်သင့်သလော။
အသိတရားရှိသောသူတို့သည် အကျွန်ုပ်ကို ပြောပါစေ။ ပညာရှိသောသူသည် အကျွန်ုပ်စကားကို နားထောင်၍
ယောဘသည် နှုတ်ကို အချည်းနှီးဖွင့်လေပြီ။ အသိတရားမဲ့သောစကားများစွာကို ပြောမိလေပြီ”ဟု ဆိုလေ၏။
“ပညာမဲ့သောစကားများဖြင့် ငါ့အကြံအစည်ကို မှောင်မိုက်စေသော ဤသူကား မည်သူနည်း။
‘အသိဉာဏ်မရှိဘဲ အကြံအစည်တော်ကို မျက်ကွယ်ပြုသူကား မည်သူနည်း’ဟု ကိုယ်တော်မေးတော်မူပါ၏။ မှန်ပါ၏။ အကျွန်ုပ်နားမလည်သောအရာ၊ အကျွန်ုပ်အတွက် အံ့မခန်းဖြစ်သောအရာ၊ အကျွန်ုပ်မသိနိုင်သောအရာများကို ပြောဆိုမိပါပြီ။