ထို့နောက် ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုပုံဖော်ဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်သွင်းတော်မူရာ လူသည် သက်ရှိသတ္တဝါဖြစ်လာ၏။
ယောဘဝတ္တု။ 33:6 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်ရှေ့တော်တွင် သင်နှင့်အကျွန်ုပ်သည် အတူတူပင်ဖြစ်၏။ အကျွန်ုပ်ကိုလည်း မြေမှုန့်ဖြင့် ပုံဖော်ဖန်ဆင်းတော်မူခဲ့၏။ Common Language Bible ဘုရားသခင့်ရှေ့မှာ ငါသည်သင်နှင့်တူ၏။ ငါသည်လည်း မြေမှုန့်ဖြင့် ဖန်ဆင်းတော်မူရာဖြစ်၏။ Garrad Bible အ ကျွန်ုပ် သည် ဘု ရား သ ခင် ရှေ့ တော် တွင် သင် နှင့် တူ၏။ နှစ် ဦး စ လုံး ပင် မြေ မှ နုတ် ယူ ရာ ဖြစ်၏။ Judson Bible ဘုရားသခင့်ရှေ့မှာ ငါသည်သင်နှင့်တူ၏။ ငါသည်လည်း မြေမှုန့်ဖြင့် ဖန်ဆင်းတော်မူရာဖြစ်၏။ |
ထို့နောက် ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုပုံဖော်ဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်သွင်းတော်မူရာ လူသည် သက်ရှိသတ္တဝါဖြစ်လာ၏။
သင့်ကို မြေမှဖြစ်လာစေသည်ဖြစ်၍ သင်သည် မြေသို့မပြန်မီတိုင်အောင် သင်၏နဖူးမှချွေးနှင့်ရင်း၍ အစာကိုစားရမည်။ အကြောင်းမူကား သင်သည် မြေမှုန့်ဖြစ်သောကြောင့် မြေမှုန့်သို့ပြန်ရမည်”ဟု မိန့်တော်မူ၏။
ယာကုပ်သည် ရာခေလကိုအမျက်ထွက်၍ “သင်၏ဝမ်းထဲ၌ သန္ဓေတည်ခွင့်ပေးတော်မမူသောဘုရားသခင်ကို ငါကိုယ်စားပြုနိုင်သလော”ဟု ဆို၏။
ကိုယ်တော်သည် အကျွန်ုပ်အား ရွှံ့စေးကဲ့သို့ ပုံသွင်းတော်မူခဲ့သည်ကို သတိရတော်မူပါ။ ယခု အကျွန်ုပ်ကို မြေမှုန့်ပြန်ဖြစ်စေတော်မူမည်လော။
သင်တို့၏မှတ်သားစရာစကားများသည် ပြာပုံစကားပုံမျှသာဖြစ်၏။ သင်တို့ချေပသောစကားများသည်လည်း ကွဲလွယ်သောမြေထည်ကဲ့သို့သာဖြစ်၏။
ငါမူကား အနန္တတန်ခိုးရှင်ကိုသာ လျှောက်တင်လိုပါ၏။ ဘုရားသခင်ထံသို့သာ လျှောက်လဲလိုပါ၏။
သူသည် ကြွယ်ဝချမ်းသာလျက်နေစဉ်မှာပင် ဒုက္ခရောက်ရလိမ့်မည်။ ဆင်းရဲဒုက္ခသည်လည်း သူ့ထံသို့ အစုလိုက်အပြုံလိုက်ရောက်လာလိမ့်မည်။
ငါပြောသောစကားများကို မည်သူနားထောင်ပေးမည်နည်း။ ကြည့်ကြပါ။ ငါလက်မှတ်ထိုးပြီဖြစ်၍ အနန္တတန်ခိုးရှင်သည် ငါ့စကားကိုနားညောင်းတော်မူပါစေသော။ ငါ့ကိုစွဲချက်တင်သောသူသည် စွဲချက်ကို ရေးမှတ်ပါစေသော။
မြေမှုန့်တွင်အုတ်မြစ်ချထားသောရွှံ့အိမ်၌ နေထိုင်ကြပြီး ပိုးကောင်ကဲ့သို့ အမှုန့်ချေ၍ရသောသူတို့ကိုမူ အဘယ်ဆိုဖွယ်ရှိသနည်း။
သူသည် သင့်ကိုယ်စား လူတို့အား စကားပြောမည်။ သူသည် သင်၏နှုတ်ကဲ့သို့ဖြစ်၍ သင်သည် သူ၏ဘုရားကဲ့သို့ဖြစ်မည်။
သို့သော် အလွန်ထူးမြတ်သော ဤတန်ခိုးသည် ငါတို့ထံမှမဟုတ်ဘဲ ဘုရားသခင်ထံမှဖြစ်ကြောင်း ထင်ရှားစေရန် ငါတို့သည် ဤရတနာကို မြေအိုးထဲ၌ဆောင်ထားကြ၏။
ယာယီတဲဖြစ်သော ငါတို့၏မြေကြီးအိမ်သည် ပျက်စီးသွားလျှင် ကောင်းကင်ဘုံ၌ လူ့လက်ဖြင့်မတည်ဆောက်၊ ဘုရားသခင်တည်ဆောက်တော်မူသော ထာဝရအိမ်ရှိကြောင်းကို ငါတို့သိကြ၏။
ထိုသို့ ဘုရားသခင်သည် ငါတို့မှတစ်ဆင့် တိုက်တွန်းတော်မူသည်ဖြစ်၍ ငါတို့သည် ခရစ်တော်၏သံတမန်များဖြစ်ကြ၏။ ထို့ကြောင့် “ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်ကြလော့”ဟု ခရစ်တော်၏ကိုယ်စား ငါတို့တောင်းပန်ကြ၏။