ငါသည် ဖြောင့်မတ်ခြင်းကို လွှမ်းခြုံဝတ်ဆင်ထား၏။ တရားမျှတခြင်းသည် ငါ့ဝတ်လုံ၊ ငါ့ခေါင်းပေါင်းကဲ့သို့ ဖြစ်ခဲ့၏။
ယောဘဝတ္တု။ 31:36 - မြန်မာ့စံမီသမ္မာကျမ်း သို့ပြုလျှင် ထိုစွဲချက်ကို ငါ့ပခုံးထက်တွင် တင်ထားမည်။ သရဖူကဲ့သို့ ဆောင်းထားမည်။ Common Language Bible အကယ်စင်စစ်ထိုစာကို ပခုံးပေါ်မှာ ငါတင် ထားပါမည်။ ဗေါင်းကဲ့သို့ ဆောင်းပါမည်။ Garrad Bible ရ ခဲ့ ပါ မူ၊ ထမ်း ဆောင် ခြင်း ကိုလည်း ကောင်း၊ ဦး ရစ် သ ဖွယ် ပတ် စည်း ခြင်း ကိုလည်း ကောင်း၊ ပြု ပြီး လျှင်၊ Judson Bible အကယ်စင်စစ် ထိုစာကို ပခုံးပေါ်မှာ ငါတင်ထားပါမည်။ ဗောင်းကဲ့သို့ ဆောင်းပါမည်။ |
ငါသည် ဖြောင့်မတ်ခြင်းကို လွှမ်းခြုံဝတ်ဆင်ထား၏။ တရားမျှတခြင်းသည် ငါ့ဝတ်လုံ၊ ငါ့ခေါင်းပေါင်းကဲ့သို့ ဖြစ်ခဲ့၏။
ငါပြောသောစကားများကို မည်သူနားထောင်ပေးမည်နည်း။ ကြည့်ကြပါ။ ငါလက်မှတ်ထိုးပြီဖြစ်၍ အနန္တတန်ခိုးရှင်သည် ငါ့စကားကိုနားညောင်းတော်မူပါစေသော။ ငါ့ကိုစွဲချက်တင်သောသူသည် စွဲချက်ကို ရေးမှတ်ပါစေသော။
ငါလျှောက်သည့်လမ်းကို ကိုယ်တော့်အား လျှောက်တင်မည်။ အုပ်ချုပ်သူမင်းတစ်ပါးကဲ့သို့ ကိုယ်တော့်ထံ ချဉ်းကပ်မည်။
ထိုကျောက်နှစ်လုံးကို အစ္စရေးအမျိုးသားတို့အတွက် အောက်မေ့ဖွယ်ကျောက်အဖြစ် ဧဖုဒ်၏ပခုံးသိုင်းကြိုးအပေါ်၌ တပ်ရမည်။ ထာဝရဘုရားရှေ့တော်၌ အောက်မေ့ဖွယ်အဖြစ် သူတို့၏အမည်ကို အာရုန်သည် သူ၏ပခုံးနှစ်ဖက်၌ ဆောင်ရမည်။
ဒါဝိဒ်၏နန်းတော်သော့ကို သူ့ပခုံးပေါ်မှာ ငါတင်ထားမည်။ သူဖွင့်လျှင် မည်သူမျှပိတ်နိုင်မည်မဟုတ်။ သူပိတ်လျှင်လည်း မည်သူမျှဖွင့်နိုင်မည်မဟုတ်။
သင်သည် ထာဝရဘုရားလက်တော်မှ တင့်တယ်သောသရဖူ၊ သင်၏ဘုရားသခင်လက်တော်မှ တော်ဝင်သရဖူဖြစ်လိမ့်မည်။
ထို့ကြောင့် ငါ၏ဝမ်းမြောက်ခြင်းအကြောင်းနှင့် ငါ၏သရဖူဖြစ်သည့် ငါချစ်၍လွမ်းဆွတ်သော ငါ့ညီအစ်ကိုတို့၊ ငါဆိုခဲ့သည့်အတိုင်း သခင်ဘုရား၌ ခိုင်မြဲစွာရပ်တည်ကြလော့၊ ငါချစ်သောသူတို့။