သူခိုးကို အော်ဟစ်မောင်းထုတ်သကဲ့သို့ သူတို့သည် လူ့အသိုင်းအဝိုင်းထဲမှ မောင်းထုတ်ခံရသူများဖြစ်၏။
ယောဘဝတ္တု။ 30:6 - မြန်မာ့စံမီသမ္မာကျမ်း လျှိုမြောင်ချိုင့်ဝှမ်းများ၊ မြေတွင်းများနှင့် ကျောက်တွင်းများတွင် နေထိုင်ရကြ၏။ Common Language Bible ကြောက်မက်ဘွယ်သော တောင်ကြား၊ မြေတွင်း၊ ကျောက်ခေါင်း၌ နေကြ၏။ Garrad Bible ကြောက် မက် ဖွယ် ရာ ချောက်၊ မြေ တွင်း၊ ကျောက် ဂူ များ တွင် နေ ရ ကြ၏။ Judson Bible ကြောက်မက်ဖွယ်သော တောင်ကြား၊ မြေတွင်း၊ ကျောက်ခေါင်း၌ နေကြ၏။ |
သူခိုးကို အော်ဟစ်မောင်းထုတ်သကဲ့သို့ သူတို့သည် လူ့အသိုင်းအဝိုင်းထဲမှ မောင်းထုတ်ခံရသူများဖြစ်၏။
ထာဝရဘုရားသည် ကမ္ဘာမြေကြီးကိုခြောက်လှန့်ရန် ထတော်မူသောအခါ ကိုယ်တော်၏ကြောက်မက်ဖွယ်အမှုနှင့် ဘုန်းတန်ခိုးအရှိန်အဝါရှေ့မှ ပုန်းရှောင်ရန် လူတို့သည် ကျောက်လိုဏ်ဂူများ၊ မြေတွင်းများထဲသို့ ပြေးဝင်ကြလိမ့်မည်။
ထိုအခါ ကမ္ဘာမြေကြီး၏ရှင်ဘုရင်များ၊ မှူးကြီးမတ်ရာများ၊ တပ်မှူးကြီးများ၊ ချမ်းသာသောသူများ၊ ခွန်အားကြီးသောသူများမှစ၍ ကျွန်နှင့်လွတ်လပ်သူရှိသမျှတို့သည် လိုဏ်ဂူတို့၌လည်းကောင်း၊ တောင်များပေါ်ရှိ ကျောက်ဆောင်တို့ကြား၌လည်းကောင်း ပုန်းအောင်းကြပြီးလျှင်
မိဒျန်လူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို ညှဉ်းဆဲကြ၏။ မိဒျန်လူမျိုးကြောင့် အစ္စရေးအမျိုးသားတို့သည် တောင်များတွင်ရှိသော တွင်းများ၊ လိုဏ်ဂူများတွင် ခိုလှုံစရာနေရာများ ပြုလုပ်ကြရ၏။