ယောဘဝတ္တု။ 30:29 - မြန်မာ့စံမီသမ္မာကျမ်း ခွေးအတို့နှင့် ညီအစ်ကိုတော်ရ၏။ ငှက်ကုလားအုတ်တို့နှင့် မိတ်ဆွေဖွဲ့ရ၏။ Common Language Bible မြေခွေးတို့နှင့်ညီအစ်ကိုတော်၏။ ကုလားအုပ်ငှက် တို့နှင့် ပေါင်းဘော်ရ၏။ Garrad Bible ခွေး အ၏ အစ် ကို၊ ကု လား အုပ် ငှက်၏ အ ပေါင်း အ ဖော် ဖြစ်၏။ Judson Bible မြေခွေးတို့နှင့် ညီအစ်ကိုတော်၏။ ကုလားအုတ်ငှက်တို့နှင့် ပေါင်းဖော်ရ၏။ |
အကျွန်ုပ်သည် တောကန္တာရထဲမှ ငှက်ကြီးဝန်ပိုကဲ့သို့လည်းကောင်း၊ ပြိုပျက်ရာအရပ်များမှ ဇီးကွက်ကဲ့သို့လည်းကောင်း ဖြစ်ပါ၏။
အကျွန်ုပ်အိပ်မပျော်နိုင်ပါ။ အိမ်ခေါင်မိုးပေါ် တစ်ကောင်တည်းနေသော ငှက်ကဲ့သို့ဖြစ်ပါ၏။
သို့သော် ကိုယ်တော်သည် ခွေးအတို့နေရာအရပ်တွင် အကျွန်ုပ်တို့ကိုကြေမွစေ၍ သေခြင်း၏အရိပ်ဖြင့် အကျွန်ုပ်တို့ကိုဖုံးလွှမ်းခဲ့ပါ၏။
ထိုပြည်၏ခံတပ်များ၌ ဆူးပင်များပေါက်လိမ့်မည်။ ရဲတိုက်များ၌ ဖက်ယားပင်၊ ဆူးချုံရိုင်းများ ပေါက်လိမ့်မည်။ ထိုပြည်သည် ခွေးအတို့ကျက်စားရာ၊ ငှက်ကုလားအုတ်တို့နေထိုင်ရာ ဖြစ်လိမ့်မည်။
ကြိုးကြာကဲ့သို့၊ ပျံလွှားကဲ့သို့ ငါအော်မြည်ရ၏။ ချိုးငှက်ကဲ့သို့ ငါညည်းတွားရ၏။ အထက်ကောင်းကင်သို့ မျှော်ကြည့်ရသဖြင့် ငါ့မျက်စိသည် အားနည်းပါပြီ။ အို ဘုရားရှင်၊ အကျွန်ုပ်သည် ဝေဒနာခံစားရသဖြင့် အကျွန်ုပ်ကို ကယ်မတော်မူပါ။
ထို့အတွက်ကြောင့် အကျွန်ုပ်ငိုကြွေးမြည်တမ်းမည်။ ဖိနပ်မစီး၊ အဝတ်မဝတ်ဘဲ သွားလာမည်။ ခွေးအကဲ့သို့အူပြီး ငှက်ကုလားအုတ်ကဲ့သို့ အော်မြည်မည်။
ဧသောကိုကား ငါမုန်း၏။ ငါသည် သူ့နေရာတောင်တို့ကို လူသူကင်းမဲ့ရာဖြစ်စေ၍ သူ့အမွေမြေကိုလည်း တောကန္တာရခွေးအတို့၌ အပ်လေပြီ”ဟု မိန့်တော်မူ၏။