‘ရက်စက်လွန်းပါသည်တကား’ဟု ငါအော်ဟစ်သော်လည်း ငါ့ကိုနားညောင်းတော်မမူပါ။ ငါအကူအညီအော်ဟစ်တောင်းခံသော်လည်း တရားသဖြင့်စီရင်ပေးတော်မမူပါ။
ယောဘဝတ္တု။ 30:24 - မြန်မာ့စံမီသမ္မာကျမ်း အကယ်စင်စစ် ဒုက္ခရောက်နေသောသူသည် လက်မဆန့်ဘဲနေမည်လော။ ဒုက္ခရောက်သောအခါ အကူအညီမတောင်းဘဲနေမည်လော။ Common Language Bible ဘုရားသခင်သည် လက်ဆန့်တော်မူသောအခါ၊ တောင်းပန်သော်လည်းအချည်းနှီးဖြစ်၏။ ဖျက်ဆီးတော် မူသောအခါ၊ အော်ဟစ်သော်လည်း ကျေးဇူးမရှိ။ Garrad Bible ပြို ပျက် လျက် ပင် လက် ဆန့် တန်း ခွင့်၊ ပျက် စီး လျက် ပင် အော် ဟစ် ခွင့် ရှိ သည် မ ဟုတ် ပါ လော။ Judson Bible ဘုရားသခင်သည် လက်ဆန့်တော်မူသောအခါ၊ တောင်းပန်သော်လည်း အချည်းနှီးဖြစ်၏။ ဖျက်ဆီးတော်မူသောအခါ၊ အော်ဟစ်သော်လည်း ကျေးဇူးမရှိ။ |
‘ရက်စက်လွန်းပါသည်တကား’ဟု ငါအော်ဟစ်သော်လည်း ငါ့ကိုနားညောင်းတော်မမူပါ။ ငါအကူအညီအော်ဟစ်တောင်းခံသော်လည်း တရားသဖြင့်စီရင်ပေးတော်မမူပါ။
ငါပြောသောစကားများကို မည်သူနားထောင်ပေးမည်နည်း။ ကြည့်ကြပါ။ ငါလက်မှတ်ထိုးပြီဖြစ်၍ အနန္တတန်ခိုးရှင်သည် ငါ့စကားကိုနားညောင်းတော်မူပါစေသော။ ငါ့ကိုစွဲချက်တင်သောသူသည် စွဲချက်ကို ရေးမှတ်ပါစေသော။
သူတို့သည် မိမိတို့စိတ်နှလုံးထဲ၌ “ဟားဟား၊ ငါတို့အလိုပြည့်စုံပြီ”ဟု အောက်မေ့ခွင့်မရကြပါစေနှင့်။ “သူ့ကို ငါတို့ဝါးမျိုပြီ”ဟု ပြောဆိုခွင့်မရကြပါစေနှင့်။
အို ထာဝရဘုရား၊ ကိုယ်တော်၏ရန်သူအလုံးစုံ ပျက်စီးကြပါစေ။ ကိုယ်တော့်ကိုချစ်သောသူတို့မူကား အရှိန်အဝါနှင့်ထွက်လာသောနေမင်းကဲ့သို့ဖြစ်ပါစေ”ဟူ၍ သီဆိုကြ၏။ ထို့နောက်တွင် တိုင်းပြည်သည် အနှစ်လေးဆယ်ပတ်လုံးငြိမ်းချမ်းလေ၏။