သူသည် ဆင်းရဲဒုက္ခရောက်၍ အော်ဟစ်ငိုကြွေးသောအခါ ဘုရားသခင် နားညောင်းတော်မူမည်လော။
ယောဘဝတ္တု။ 3:26 - မြန်မာ့စံမီသမ္မာကျမ်း ဒုက္ခဆင်းရဲနှင့်ကြုံနေရပြီဖြစ်၍ ငါ၌ ဝမ်းမြောက်ခြင်းမရှိ။ ငြိမ်သက်ခြင်းမရှိ။ အေးအေးချမ်းချမ်းနေခွင့်မရတော့ပြီ”ဟု ညည်းဆိုလေ၏။ Common Language Bible ငါသည်ငြိမ်ဝပ်ခြင်းမရှိ။ ချမ်းဧခြင်းမရှိ။ သက်သာခြင်းမရှိ။ ဒုက္ခဆင်းရဲသက်သက်ရှိသည်ဟု မြွက်ဆို လေ၏။ Garrad Bible ငါ သည် ချမ်း သာ ခြင်း၊ ငြိမ် သက် ခြင်း၊ အေး မြ ခြင်း မ ရှိ။ အ နှောင့် အ ရှက် ကို သာ ခံ ရ သည် ဟု မြွက် ဆို လေ ၏။ Judson Bible ငါသည် ငြိမ်ဝပ်ခြင်းမရှိ။ ချမ်းဧခြင်းမရှိ။ သက်သာခြင်းမရှိ။ ဒုက္ခဆင်းရဲသက်သက် ရှိသည်ဟု မြွက်ဆိုလေ၏။ |
သူသည် ဆင်းရဲဒုက္ခရောက်၍ အော်ဟစ်ငိုကြွေးသောအခါ ဘုရားသခင် နားညောင်းတော်မူမည်လော။
အကောင်းကို စောင့်မျှော်သောအခါ အဆိုးများသာ ရောက်လာ၏။ အလင်းကို မျှော်လင့်သောအခါ အမှောင်သာ ရောက်လာ၏။
အကျွန်ုပ်က ‘ငါ့ခုတင်သည် ငါ့ကိုနှစ်သိမ့်ပေးလိမ့်မည်။ ငါ့အိပ်ရာသည် ငါ့စိတ်ဒုက္ခကိုသက်သာစေလိမ့်မည်’ဟု တွေးနေစဉ်မှာပင်
ကိုယ်တော်သည် အိပ်မက်များဖြင့် အကျွန်ုပ်ကို ခြောက်လှန့်ပြီး စိတ်အာရုံများဖြင့် အကျွန်ုပ်ကို ခြိမ်းခြောက်တော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏နာမတော်ကိုထောက်၍ အကျွန်ုပ်ကိုအသက်ရှင်စေတော်မူပါ။ ကိုယ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ဆင်းရဲဒုက္ခထဲမှ ထုတ်ဆောင်တော်မူပါ။