သို့ဖြစ်လျှင် အကျွန်ုပ်သည် တစ်ခါမျှမရှိခဲ့ဖူးသောသူကဲ့သို့ဖြစ်၍ အမိဝမ်းထဲမှ သင်္ချိုင်းသို့တစ်ခါတည်းရောက်သွားမည်ဖြစ်၏။
ယောဘဝတ္တု။ 3:16 - မြန်မာ့စံမီသမ္မာကျမ်း သို့မဟုတ် ငါသည် မြေမြှုပ်ခံရသည့်အသေမွေးသောကလေးကဲ့သို့လည်းကောင်း၊ အလင်းမမြင်လိုက်ရသောကလေးကဲ့သို့လည်းကောင်း အဘယ်ကြောင့် မဖြစ်ရသနည်း။ Common Language Bible သို့မဟုတ် အချိန်နေ့လမစေ့မှီ မွေးသောသူငယ်၊ အလင်းကို မမြင်ရသောသူငယ်ကဲ့သို့ ငါပျက်စီးရပြီ။ Garrad Bible သို့ တည်း မ ဟုတ်။ မြေ မြှုပ် ရ သော လျှော် မွေး ကဲ့ သို့လည်း ကောင်း၊ အ လင်း ကို မ မြင် ရ သော သူ ငယ် ကဲ့ သို့လည်း ကောင်း၊ ငါ မ ဖြစ် ခဲ့ ပါ လေ။ Judson Bible သို့မဟုတ် အချိန်နေ့လမစေ့မီ မွေးသောသူငယ်၊ အလင်းကို မမြင်ရသောသူငယ်ကဲ့သို့ ငါပျက်စီးရပြီ။ |
သို့ဖြစ်လျှင် အကျွန်ုပ်သည် တစ်ခါမျှမရှိခဲ့ဖူးသောသူကဲ့သို့ဖြစ်၍ အမိဝမ်းထဲမှ သင်္ချိုင်းသို့တစ်ခါတည်းရောက်သွားမည်ဖြစ်၏။
ရွှေကိုပိုင်ဆိုင်၍ မိမိတို့အိမ်ကို ငွေဖြင့်ပြည့်စေသော မင်းညီမင်းသားများနှင့်အတူ အိပ်စက်အနားယူနေရပြီ။
ထိုနေရာတွင် လူဆိုးတို့ဒုက္ခမပေးနိုင်။ ထိုနေရာတွင် မောပန်းသူတို့ ငြိမ်းချမ်းစွာနေရ၏။
သူတို့သည် သွားရင်းလာရင်း အကျိအချွဲဖြစ်သွားသော ပက်ကျိကဲ့သို့လည်းကောင်း၊ နေရောင်ကိုမတွေ့မြင်ရသည့် အသေမွေးသောကလေးကဲ့သို့လည်းကောင်း ဖြစ်ကြပါစေ။
ဆူးလေပင်နှင့်မွှေးသောမီး၏အပူရှိန်ကို သင်တို့အိုးများမသိရမီ ထိုဆူးများသည် စိုနေသည်ဖြစ်စေ၊ ခြောက်နေသည်ဖြစ်စေ ကိုယ်တော်လွင့်ပါးစေတော်မူလိမ့်မည်။
သို့ရာတွင် လူဖြစ်မလာသေးသောသူ၊ နေအောက်တွင်ပြုသောမကောင်းမှုကို မမြင်သေးသောသူသည် ထိုနှစ်ဦးတို့ထက်ပို၍ကောင်း၏။
လူသည် သားတစ်ရာမွေးဖွား၍ နှစ်ပေါင်းများစွာအသက်ရှင်ရလျက် သူ့အသက်တာ၏နေ့ရက်သည် များပြားလျှင်လည်း သူ၏စိတ်ဝိညာဉ်သည် ကောင်းကျိုးချမ်းသာကြောင့် အလိုပြည့်စုံသည်ဟူ၍မရှိသကဲ့သို့ သူ့ကို သင်္ချိုင်းတွင်သင်္ဂြိုဟ်ခြင်းလည်းမရှိလျှင် အသေမွေးသောကလေးသည် ထိုသူထက်ပို၍ကောင်းသည်ဟု ငါဆို၏။
နောက်ဆုံးတွင် အချိန်မတော်မတန်မွေးလာသောသူနှင့်တူသည့် ငါ့ထံလည်း ထင်ရှားပြတော်မူ၏။