သူနှင့်သူ့အိမ်သူအိမ်သားများ၊ သူ၌ရှိသမျှတို့ကို ကိုယ်တော် ဝိုင်းရံကာကွယ်ပေးထားသည်မဟုတ်ပါလော။ သူလုပ်ဆောင်သမျှတို့ကို ကောင်းချီးပေးသဖြင့် သူပိုင်သောတိရစ္ဆာန်များသည်လည်း မြေကြီးတစ်ခွင် တိုးပွားနေသည်မဟုတ်ပါလော။
ယောဘဝတ္တု။ 29:4 - မြန်မာ့စံမီသမ္မာကျမ်း ငါအရွယ်ကောင်းစဉ်က ဘုရားသခင်သည် ငါ့တဲနှင့် ရင်းနှီးကျွမ်းဝင်ခဲ့၏။ Common Language Bible ငါ့အသက်ပျိုသောကာလ၊ ငါ့အိမ်၌ဘုရားသခင် နှင့် မိဿဟာယဖွဲ့ရသောအခွင့်ရှိသောကာလ၌၊ ငါဖြစ် သကဲ့သို့ တဖန်ဖြစ်ပါစေ။ Garrad Bible ဘု ရား သ ခင် နှင့် အ ကျွမ်း ဝင် ခွင့် သည်၊ ငါ့ တဲ ပေါ် တွင် ကိန်း ဝပ် လျက်၊ ငါ အ ရွယ် ကောင်း သည့် ကာ လ၊ သား သ မီး တို့ ခြံ ရံ လျက်၊ ငါ နှင့် အ တူ အ န န္တ တန် ခိုး ရှင် ရှိ တော် မူ သေး သော ကာ လ၊ ကျောက် တောင် မှ၊ ငါ ရှိ ရာ သို့ ဆီ အ ဖြာ ဖြာ စီး ထွက် လျက်၊ ငါ့ ခြေ မြုပ် အောင် နို့ ဓမ်း ကို နင်း ရ သော ကာ လ၌ ဖြစ် ဖူး သ ကဲ့ သို့ ဖြစ် ပြန် ပါ စေ သော၊ Judson Bible ငါ့အသက်ပျိုသောကာလ၊ ငါ့အိမ်၌ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ရသော အခွင့်ရှိသောကာလ၌၊ ငါဖြစ်သကဲ့သို့ တစ်ဖန်ဖြစ်ပါစေ။ |
သူနှင့်သူ့အိမ်သူအိမ်သားများ၊ သူ၌ရှိသမျှတို့ကို ကိုယ်တော် ဝိုင်းရံကာကွယ်ပေးထားသည်မဟုတ်ပါလော။ သူလုပ်ဆောင်သမျှတို့ကို ကောင်းချီးပေးသဖြင့် သူပိုင်သောတိရစ္ဆာန်များသည်လည်း မြေကြီးတစ်ခွင် တိုးပွားနေသည်မဟုတ်ပါလော။
ဘုရားသခင်၏အစည်းအဝေးကို သင်တက်ရောက်ကြားနာဖူးသလော။ ဉာဏ်ပညာကို ကိုယ့်အတွက်ကိုယ် ကန့်သတ်ထားရှိသလော။
ထာဝရဘုရားသည် မိမိကိုကြောက်ရွံ့သောသူတို့နှင့်ရင်းနှီးကျွမ်းဝင်တော်မူ၏။ မိမိ၏ပဋိညာဉ်တော်ကိုလည်း သူတို့အား သိစေတော်မူ၏။
အကြောင်းမူကား ဒုက္ခရောက်သောနေ့၌ ကိုယ်တော်သည် မိမိ၏ကိန်းအောင်းရာအရပ်၌ ငါ့ကိုဝှက်ထားတော်မူလိမ့်မည်။ ကိုယ်တော်၏တဲတော်၌ရှိသည့် ကွယ်ကာရာအရပ်၌ ငါ့ကိုဖုံးကွယ်ထား၍ ကျောက်ဆောင်ပေါ်၌ ငါ့ကိုဆွဲတင်တော်မူလိမ့်မည်။
အမြင့်ဆုံးသောအရှင်၏ကွယ်ကာရာအရပ်၌ နေသောသူသည် အနန္တတန်ခိုးရှင်၏အရိပ်ကို ခိုရလိမ့်မည်။
အကြောင်းမူကား သွေဖည်လွဲမှားသောသူတို့ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မှန်သောသူတို့နှင့်ကား ရင်းနှီးကျွမ်းဝင်တော်မူ၏။
အကြောင်းမှာ သင်တို့သည် သေဆုံးခဲ့ပြီဖြစ်၍ သင်တို့၏အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ဝှက်ထားလျက်ရှိ၏။