သူတို့သည် အသက်ရှင်စဉ် စည်းစိမ်ချမ်းသာများကို သုံးဖြုန်းကြ၏။ တစ်ခဏချင်းတွင် မရဏာနိုင်ငံသို့ ရောက်သွားတတ်ကြ၏။
ယောဘဝတ္တု။ 24:19 - မြန်မာ့စံမီသမ္မာကျမ်း မိုးခေါင်၍အပူရှိန်သည် နှင်းပွင့်ကို ဝါးမျိုသကဲ့သို့ မရဏာနိုင်ငံသည် အပြစ်ပြုသောသူတို့ကို ဝါးမျိုလိမ့်မည်။ Common Language Bible မိုဃ်းရေသည် ခန်းခြောက်ခြင်းအားဖြင့်၎င်း၊ နေပူအရှိန်အားဖြင့်၎င်း၊ ကွယ်ပျောက်တတ်သကဲ့သို့၊ မတရားသောသူသည် သေမင်းနိုင်ငံ၌ ကွယ်ပျောက်တတ် ၏။ Garrad Bible မိုး ခေါင်၍ နေ ပူ ခြင်း သည်၊ မိုး ပွင့် ကို မျို စား သ ကဲ့ သို့၊ မ ရ ဏာ့ နိုင် ငံ လည်း ပြစ် မှား သူ တို့ ကို မျို စား တတ်၏။ Judson Bible မိုးရေသည် ခန်းခြောက်ခြင်းအားဖြင့်လည်းကောင်း၊ နေပူအရှိန်အားဖြင့်လည်းကောင်း၊ ကွယ်ပျောက်တတ်သကဲ့သို့၊ မတရားသောသူသည် သေမင်းနိုင်ငံ၌ ကွယ်ပျောက်တတ်၏။ |
သူတို့သည် အသက်ရှင်စဉ် စည်းစိမ်ချမ်းသာများကို သုံးဖြုန်းကြ၏။ တစ်ခဏချင်းတွင် မရဏာနိုင်ငံသို့ ရောက်သွားတတ်ကြ၏။
လူတစ်ယောက်သည် အရိုးများအားပြည့်လျက်၊ တစ်ကိုယ်လုံးကျန်းမာသန်စွမ်းလျက်၊ လုံခြုံအေးချမ်းလျက်၊
ထိုသို့သာမဖြစ်ခဲ့လျှင် ငါသည် ယခု ငြိမ်းချမ်းစွာလဲလျောင်းရလေပြီ။ အိပ်စက်အနားယူရလေပြီ။
သူတို့သည် မရဏာနိုင်ငံအတွက် သိုးကဲ့သို့ လျာထားခြင်းခံရ၍ သေခြင်းသည် သူတို့ကိုထိန်းကျောင်းလိမ့်မည်။ ဖြောင့်မှန်သောသူတို့သည် နံနက်အချိန်၌ ထိုသူတို့ကိုအုပ်စိုးကြလိမ့်မည်။ ထိုသူတို့၏ရုပ်သဏ္ဌာန်သည် မိမိတို့နေထိုင်ရာအရပ်မှဝေးကွာသည့် မရဏာနိုင်ငံ၌ဆွေးမြည့်ကြလိမ့်မည်။
မီးခိုးသည် လွင့်သွားသကဲ့သို့ ကိုယ်တော်သည် သူတို့ကိုလွင့်သွားစေတော်မူလိမ့်မည်။ ဖယောင်းသည် မီးရှေ့တွင် အရည်ပျော်သကဲ့သို့ ဆိုးယုတ်သောသူတို့သည် ဘုရားသခင်၏ရှေ့တော်တွင် ပျက်စီးကြရလိမ့်မည်။
ဆိုးယုတ်သောသူသည် မိမိပြုသောမကောင်းမှုထဲ၌ လဲကျလိမ့်မည်။ ဖြောင့်မတ်သောသူမူကား သူ၏သေခြင်းထဲ၌ပင် ခိုလှုံရာကိုတွေ့လိမ့်မည်။
သို့သော် ဘုရားသခင်သည် ထိုသူအား ‘အချင်းလူမိုက်၊ ဤည၌ပင် သင့်ဝိညာဉ်ကို သင့်ထံမှရုပ်သိမ်းကြလိမ့်မည်။ သို့ဖြစ်လျှင် သင်ပြင်ဆင်ထားသောအရာများသည် မည်သူ့ဥစ္စာဖြစ်လိမ့်မည်နည်း’ဟု မိန့်တော်မူ၏။
ထို့နောက် ထိုဆင်းရဲသားသည် သေလွန်သွားရာ ကောင်းကင်တမန်တို့သည် သူ့ကို အာဗြဟံ၏ရင်ခွင်ထဲသို့ ခေါ်ဆောင်သွားကြ၏။ သူဌေးသည်လည်း သေလွန်သဖြင့် သင်္ဂြိုဟ်ခြင်းကိုခံရ၏။