အချို့သောသူတို့သည် အလင်းကို ဆန့်ကျင်ကြ၏။ အလင်း၏လမ်းစဉ်များကို အသိအမှတ်မပြုကြ။ အလင်း၏လမ်းစဉ်အတိုင်း မနေထိုင်လိုကြ။
ယောဘဝတ္တု။ 24:14 - မြန်မာ့စံမီသမ္မာကျမ်း လူသတ်သမားသည် အရုဏ်တက်ချိန်တွင် ထ၍ ဆင်းရဲသောသူ၊ နွမ်းပါးသောသူတို့ကို သတ်တတ်၏။ ညဘက်တွင်မူကား သူသည် သူခိုးကဲ့သို့ဖြစ်၏။ Common Language Bible လူသတ်သည် စောစောထ၍ ဆင်းရဲငတ်မွတ် သော သူတို့ကို သတ်တတ်၏။ ညဉ့်အခါ သူခိုးလုပ်တတ် ၏။ Garrad Bible လူ သတ် သည် အ ရုဏ် တက် က ထ ပြီး လျှင်၊ နိမ့် ကျ ဆင်း ရဲ သား တို့ ကို သတ် ဖြတ်၍၊ ညဉ့်၌ ခိုး သူ သ ဖွယ် ဖြစ်၏။ Judson Bible လူသတ်သည်စောစောထ၍ ဆင်းရဲငတ်မွတ်သော သူတို့ကို သတ်တတ်၏။ ညအခါ သူခိုးလုပ်တတ်၏။ |
အချို့သောသူတို့သည် အလင်းကို ဆန့်ကျင်ကြ၏။ အလင်း၏လမ်းစဉ်များကို အသိအမှတ်မပြုကြ။ အလင်း၏လမ်းစဉ်အတိုင်း မနေထိုင်လိုကြ။
လူတို့သည် နွမ်းပါးသောသူတို့ကို လမ်းပေါ်မှတွန်းဖယ်တတ်ကြ၏။ အဖိနှိပ်ခံရသောပြည်သားတို့သည် စုပြီးပုန်းရှောင်နေရကြ၏။
ထာဝရဘုရားသည် မိမိလူမျိုးတော်၏သက်ကြီးဝါကြီးများ၊ အကြီးအကဲများကို တရားစီရင်ရန် ကြွလာတော်မူမည်။ “သင်တို့သည် စပျစ်ခြံကို ဝါးမျိုဖျက်ဆီးကြပြီ။ ဆင်းရဲသားတို့၏ပစ္စည်းကို လုယူ၍ သင်တို့အိမ်၌ သိမ်းထားကြပြီ။
အိမ်ရှင်သည် သူခိုးလာမည့်အချိန်ကိုသိထားလျှင် မိမိအိမ်ကို ဖောက်ထွင်းခွင့်ပြုမည်မဟုတ်ကြောင်း သိမှတ်ကြလော့။
အကြောင်းမူကား သူခိုးသည် ညအချိန်၌လာသကဲ့သို့ သခင်ဘုရား၏နေ့ရက်သည် ရောက်လာမည်ဖြစ်ကြောင်း သင်တို့ကိုယ်တိုင် သေချာစွာသိကြ၏။
ထို့ကြောင့် သင်သည် မည်သို့ခံယူ၍ ကြားနာခဲ့သည်ကို သတိရလျက် ထိုအရာတို့ကိုစောင့်ထိန်းလော့။ နောင်တရလော့။ သင်သည် သတိနှင့်စောင့်နေခြင်းမရှိပါက သူခိုးကဲ့သို့ ငါလာမည်ဖြစ်၍ မည်သည့်အချိန်၌ သင့်ထံသို့ငါလာမည်ကို သင်လုံးဝသိလိမ့်မည်မဟုတ်။