ထိုသို့ပြုလျှင် ငါ့အတွက် ကယ်တင်ခြင်းအကြောင်းဖြစ်လိမ့်မည်။ အကြောင်းမူကား ဘုရားတရားမဲ့သောသူတို့သည် ဘုရားသခင်ရှေ့တော်သို့ ဝင်ခွင့်မရှိ။
ယောဘဝတ္တု။ 23:7 - မြန်မာ့စံမီသမ္မာကျမ်း ထိုအရပ်တွင် ဖြောင့်မှန်သောသူတို့ လျှောက်လဲခွင့်ရှိ၏။ ငါ့ကိုစီရင်သောအရှင်သည် ငါ့ကိုထာဝရလွတ်မြောက်ခွင့်ပေးလိမ့်မည်။ Common Language Bible ဖြောင့်မတ်သောသူသည် ရှေ့တော်၌ဆွေးနွေးသော အခွင့်ရှိ၍၊ တရားရှင်သည် ငါ့အမှုကို အစဉ် ရှင်းလင်းစေတော်မူမည်။ Garrad Bible ထို အ ရပ်၌ သ ဘော ဖြောင့် သူ သည် ချေ ပ ခွင့် ရ သည့် အ တိုင်း၊ တ ရား စီ ရင် သော အ ရှင့် ထံ၊ ကာ လ အ စဉ် ငါ ထွက် မြောက် ခွင့် ရ လိမ့် မည်။ Judson Bible ဖြောင့်မတ်သောသူသည် ရှေ့တော်၌ဆွေးနွေးသောအခွင့်ရှိ၍၊ တရားရှင်သည် ငါ့အမှုကို အစဉ်ရှင်းလင်းစေတော်မူမည်။ |
ထိုသို့ပြုလျှင် ငါ့အတွက် ကယ်တင်ခြင်းအကြောင်းဖြစ်လိမ့်မည်။ အကြောင်းမူကား ဘုရားတရားမဲ့သောသူတို့သည် ဘုရားသခင်ရှေ့တော်သို့ ဝင်ခွင့်မရှိ။
ငါမူကား အနန္တတန်ခိုးရှင်ကိုသာ လျှောက်တင်လိုပါ၏။ ဘုရားသခင်ထံသို့သာ လျှောက်လဲလိုပါ၏။
သို့သော် ကိုယ်တော်သည် ငါသွားရာလမ်းကို သိတော်မူ၏။ ကိုယ်တော်သည် ငါ့ကို စစ်ဆေးတော်မူပြီးမှ ငါသည် ရွှေကဲ့သို့ ပေါ်လာလိမ့်မည်။
ငါဖြောင့်မတ်နေလျှင်ပင် တုံ့ပြန်၍မရ။ ငါ့အား တရားစီရင်မည့်သူကို အသနားခံရန်သာရှိတော့မည်။
ထာဝရဘုရားက “ယခု လာကြ။ အတူတကွအချေအတင်ဆွေးနွေးကြစို့။ သင်တို့အပြစ်သည် အနီရောင်ကဲ့သို့ဖြစ်သော်လည်း နှင်းပွင့်ကဲ့သို့ဖြူလိမ့်မည်။ ကြက်သွေးရောင်ကဲ့သို့ဖြစ်သော်လည်း သိုးမွေးကဲ့သို့ဖြစ်လိမ့်မည်။
အို ထာဝရဘုရား၊ အကျွန်ုပ်၏အမှုကို ကိုယ်တော့်ထံ ယူဆောင်လာသောအခါ ကိုယ်တော်သည် ဖြောင့်မတ်စွာစီရင်ပေးပါ၏။ ထို့ကြောင့် ကိုယ်တော်အား တရားမျှတမှုအကြောင်းကို မေးလျှောက်လိုပါ၏။ ဆိုးယုတ်သောသူတို့သည် အဘယ်ကြောင့် ကြီးပွားကြပါသနည်း။ သစ္စာမဲ့သောသူတို့သည် အဘယ်ကြောင့် ကောင်းစားကြပါသနည်း။
ကိုယ်တော်သည် အမျက်အစဉ်ထွက်တော်မူမည်လော။ အမျက်မပြေဘဲ နေတော်မူမည်လော”ဟု ဟစ်ခေါ်ပြောဆိုခဲ့ပြီးမှ သင်သည် မကောင်းမှုများကို အစွမ်းကုန်ပြုပါသည်တကား။
ထို့ကြောင့် ယခုအခါ ခရစ်တော်ယေရှု၌ရှိသောသူတို့သည် ပြစ်ဒဏ်စီရင်ခြင်းမခံရ။