သူတို့၏သားသမီးများကို သိုးအုပ်ကဲ့သို့ လွှတ်လိုက်၍ သူတို့၏ကလေးသူငယ်များသည်လည်း ကခုန်ကြ၏။
ယောဘဝတ္တု။ 21:10 - မြန်မာ့စံမီသမ္မာကျမ်း သူတို့ပိုင်သောနွားထီးများသည် မျိုးကောင်း၍ မျိုးမအောင်ခြင်းမရှိ။ နွားမများသည်လည်း သားပေါက်၍ သားလျှောခြင်းမရှိ။ Common Language Bible သူတို့နွားလားသည် မချွတ်မလွှဲ အရွယ်လိုက်တတ်၏။ နွားမသည်လည်း ဝမ်းပိုးမပျက်ဘွားတတ်၏။ Garrad Bible သူ တို့ နွား သိုး သည် မိတ် လိုက်၍ မျိုး မ တုံး။ နွား မ လည်း ပေါက် ပွား လျက် သား မ ပျက်။ Judson Bible သူတို့နွားလားသည် မချွတ်မလွှဲ အရွယ်လိုက်တတ်၏။ နွားမသည်လည်း ဝမ်းပိုးမပျက် ဖွားတတ်၏။ |
သူတို့၏သားသမီးများကို သိုးအုပ်ကဲ့သို့ လွှတ်လိုက်၍ သူတို့၏ကလေးသူငယ်များသည်လည်း ကခုန်ကြ၏။
သူတို့၏အိမ်သည် ကြောက်စရာမရှိ။ ဘေးကင်းလုံခြုံလျက်ရှိ၏။ ဘုရားသခင်သည် သူတို့ကို ဒဏ်ခတ်တော်မမူ။
သင်၏ပြည်၌ မည်သူမျှ သားပျက်ခြင်း၊ မြုံခြင်း ရှိမည်မဟုတ်။ ငါသည် သင့်ကို သက်တမ်းစေ့နေစေမည်။
တစ်ခါက ခရမ်းရောင်ဝတ်ရုံနှင့် ပိတ်ချောထည်များကိုဝတ်ဆင်ကာ နေ့စဉ် စည်းစိမ်ခံစားလျက် ပျော်မွေ့နေသည့် သူဌေးတစ်ဦးရှိ၏။
ထာဝရဘုရားက ထိုပြည်ကို သင့်အားပေးမည်ဟု သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုပြည်၌ သင့်သားသမီး၊ သင့်တိရစ္ဆာန်၏သားပေါက်၊ သင့်မြေ၏အသီးအနှံဖြင့် သင့်ကို ထာဝရဘုရား ကောင်းစားစေတော်မူမည်။