ဟာရန်သည် မိမိမွေးရပ်မြေဖြစ်သည့် ခါလဒဲလူမျိုးတို့ပိုင်သောဥရမြို့၌ မိမိဖခင်တေရထက်စော၍ သေဆုံးလေ၏။
ယောဘဝတ္တု။ 1:17 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ကြားလျှောက်နေစဉ် အခြားတစ်ဦးလည်းရောက်လာ၍ “ခါလဒဲလူမျိုးတို့သည် အဖွဲ့သုံးဖွဲ့ခွဲပြီး ကုလားအုတ်များကို တိုက်ခိုက်သိမ်းယူသွားကြပြီ။ အစေခံတို့ကိုလည်း ဓားနှင့်သတ်ပစ်ပါ၏။ အကျွန်ုပ်တစ်ဦးတည်းသာ လွတ်မြောက်လာသဖြင့် အရှင့်ထံ လာရောက်ကြားလျှောက်ပါသည်”ဟု ဆို၏။ Common Language Bible ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူ တယောက်သည်လာ၍၊ ခါလဒဲအမျိုးသား တပ်သုံးတပ် တို့သည် ချီ၍ ကုလားအုပ်တို့ကို တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ထားနှင့်သတ်၍ ကျွန်တော်တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။ Garrad Bible ထို သို့ လျှောက် ဆဲ တွင် တစ် ယောက် လာ ပြန် ရာ၊ ခါ လ ဒဲ လူ မျိုး တို့ သည်၊ တပ် သုံး တပ် ကို ဖွဲ့ စည်း၍၊ ကု လား အုပ် များ ကို ရှောင် တ ခင် အ တင်း သိမ်း သွား ကြ ပါ ပြီ။ ငယ် သား တို့ ကို လည်း ထား ဖြင့် သတ် ရာ၊ ကျွန် တော် တစ် ယောက် တည်း သာ လွတ်၍၊ ကိုယ် တော် အား ပြန် ကြား ရ ပါ သည် ဟု လျှောက် လေ၏။ Judson Bible ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတစ်ယောက်သည် လာ၍၊ ခါလဒဲအမျိုးသား တပ်သုံးတပ်တို့သည် ချီ၍ ကုလားအုတ်တို့ကို တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ဓားနှင့်သတ်၍ ကျွန်တော်တစ်ယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။ |
ဟာရန်သည် မိမိမွေးရပ်မြေဖြစ်သည့် ခါလဒဲလူမျိုးတို့ပိုင်သောဥရမြို့၌ မိမိဖခင်တေရထက်စော၍ သေဆုံးလေ၏။
တေရသည် သားအာဗြံ၊ ဟာရန်၏သားဖြစ်သော မိမိ၏မြေးလောတနှင့် သားအာဗြံ၏မယားဖြစ်သော မိမိ၏ချွေးမ စာရဲတို့ကိုခေါ်၍ ခါနာန်ပြည်သို့သွားရန် ခါလဒဲလူမျိုးတို့ပိုင်သောဥရမြို့မှထွက်ခွာလေ၏။ သို့သော် ဟာရန်မြို့သို့ရောက်သောအခါ ထိုမြို့၌အခြေချကြ၏။
ထိုအခါ ဒါဝိဒ်က သူ့အား “သင် အဘယ်ကလာခဲ့သနည်း”ဟု မေးလျှင် သူက “အကျွန်ုပ်သည် အစ္စရေးတပ်စခန်းမှ ထွက်ပြေးလာခဲ့ရပါသည်”ဟု ပြန်ဖြေ၏။
ရှေဘပြည်သားတို့သည် နွားနှင့်မြည်းတို့ကို တိုက်ခိုက်သိမ်းယူသွားပါပြီ။ အစေခံတို့ကိုလည်း ဓားနှင့်သတ်ပစ်ကြပါ၏။ အကျွန်ုပ်တစ်ဦးတည်းသာ လွတ်မြောက်လာ၍ အရှင့်ထံ လာရောက်ကြားလျှောက်ပါသည်”ဟု ဆို၏။
ထိုသို့ ကြားလျှောက်နေစဉ်တွင်ပင် အခြားတစ်ဦးရောက်လာ၍ “အရှင်၏သားသမီးတို့သည် မိမိတို့၏အစ်ကိုအကြီးဆုံးအိမ်တွင် အစာစား၍ စပျစ်ဝိုင်သောက်လျက်နေကြစဉ်
ခါလဒဲပြည်ကို ကြည့်ကြလော့။ လူမရှိတော့ပြီ။ အဆီးရီးယားလူမျိုးသည် ထိုပြည်ကို ကန္တာရသတ္တဝါတို့နေစရာနေရာ ဖြစ်စေ၏။ သူတို့သည် မျှော်စင်တို့ကို တည်ဆောက်၍ ထိုပြည်၏နန်းတော်ကိုဖြိုဖျက်၏။ ထိုပြည်ကို ပြိုပျက်ရာဖြစ်စေကြ၏။
ဘေဘီလုံပြည်ရှိ ခါလဒဲလူမျိုးများမှစ၍၊ ပေကုပ်လူမျိုး၊ ရှောလူမျိုး၊ ကောလူမျိုးတို့နှင့်တကွ သူတို့နှင့်အတူနေထိုင်သော အဆီးရီးယားလူမျိုးများ စသည့် ခန့်ညားသောမင်းအရာရှိလုလင်ပျိုများ၊ စစ်ဗိုလ်များ၊ နာမည်ကျော်ကြားသောတပ်မှူးများ၊ မြင်းစီးသူရဲများအားလုံးတို့ကို ငါခေါ်လာမည်။
ကြည့်ရှုလော့။ ရက်စက်ကြမ်းကြုတ်၍ စိတ်လိုက်မာန်ပါလုပ်တတ်သောခါလဒဲလူမျိုးတို့ကို ငါထကြွစေမည်။ သူတို့သည် သူတို့ပိုင်နက်မဟုတ်သောမြေတစ်ပြင်လုံးသို့ စစ်ချီ၍ သိမ်းပိုက်လိမ့်မည်။