သင်တို့အား ငါအမှန်ဆိုမည်။ တရားစီရင်တော်မူရာနေ့၌ သောဒုံနှင့်ဂေါမောရမြို့တို့သည် ထိုမြို့ထက် ခံသာကြလိမ့်မည်။
ယုဒ 1:6 - မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် မိမိတို့၏မူလအခွင့်အာဏာကိုမထိန်းသိမ်းဘဲ မိမိတို့စံရာအရပ်ကို စွန့်ခွာသွားကြသည့် ကောင်းကင်တမန်များအား တရားစီရင်တော်မူရာနေ့ကြီးအတွက် ထာဝရအချုပ်အနှောင်အားဖြင့် မှောင်မည်းခြင်းအောက်၌ ထိန်းသိမ်းထားတော်မူ၏။ Common Language Bible မိမိတို့ရရှိထားသောအာဏာနှင့်မရောင့် ရဲဘဲ နေရင်းဌာနကိုစွန့်ခွာသွားကြသည့် ကောင်းကင်တမန်များအကြောင်းကိုလည်း သတိရကြလော့။ ဘုရားသခင်သည်မိမိ တရားစီရင်တော်မူရာနေ့ကြီး၌ သူတို့ အားအပြစ်ဒဏ်ပေးရန်မှောင်မိုက်ရာ အောက်အရပ်တွင်ထာဝရသံကြိုးများ ဖြင့်ချည်နှောင်၍ထားတော်မူ၏။- Garrad Bible ကိုယ့် အ ခွင့် အာ ဏာ ကို မ စောင့်၊ နေ ရာ ရင်း မှ စွန့် ခွာ သော စေ တ မန် တော် တို့ ကို စီ ရင် ဆုံး ဖြတ် ရာ နေ့ တော် ကြီး မ တိုင် မ ချင်း မှောင် မိုက် ထဲ တွင် ထာ ဝ ရ အ ချုပ် နှင့် နှောင် ထား တော် မူ ကြောင်း၊ Judson Bible ထိုမှတစ်ပါး၊ မိမိတို့အခွင့်အရာကို မစောင့်၊ မိမိတို့ နေရာအရပ်ကို စွန့်ပစ်သော ကောင်းကင်တမန်တို့ကို၊ ကြီးစွာသောနေ့၌ စစ်ကြောစီရင်ခြင်းအလိုငှာ၊ ထာဝရချည်နှောင်ခြင်းအားဖြင့် မှောင်မိုက်ထဲမှာ ချုပ်ထားတော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ပြင် မိမိတို့ရရှိထားသည့်အခွင့်အာဏာနှင့် မတင်းတိမ်ဘဲ နေရင်းအရပ်ကို စွန့်ခွာသွားကြသော ကောင်းကင်တမန်များအား ကိုယ်တော်သည် တရားစီရင်တော်မူမည့်နေ့ရက်ကြီးအတွက် ထာဝရအချုပ်အနှောင်ဖြင့် အမှောင်ထဲ၌ သံကြိုးနှင့် ချည်နှောင်ကာ ထိန်းသိမ်းထားတော်မူ၏။ |
သင်တို့အား ငါအမှန်ဆိုမည်။ တရားစီရင်တော်မူရာနေ့၌ သောဒုံနှင့်ဂေါမောရမြို့တို့သည် ထိုမြို့ထက် ခံသာကြလိမ့်မည်။
ထို့နောက် မင်းကြီးသည် လက်ဝဲတော်ဘက်၌ရှိသောသူတို့အားလည်း ‘ကျိန်ဆဲခြင်းခံရသောသူတို့၊ ငါ့ထံမှထွက်ခွာ၍ မာရ်နတ်နှင့်သူ၏စေတမန်များအတွက်ပြင်ဆင်ထားသော ထာဝရမီးထဲသို့ သွားကြလော့။
ထိုသူတို့က “ဘုရားသခင်၏သားတော်၊ ကိုယ်တော်နှင့်အကျွန်ုပ်တို့ မည်သို့ဆိုင်သနည်း။ အချိန်မတန်မီ အကျွန်ုပ်တို့အားညှဉ်းဆဲရန် ဤနေရာသို့ကြွလာတော်မူသလော”ဟု အော်ဟစ်လျှောက်ထားကြ၏။
သင်တို့သည် သင်တို့၏အဖမာရ်နတ်နှင့်စပ်ဆိုင်ကြပြီး သင်တို့အဖ၏ဆန္ဒအတိုင်းပြုလိုကြ၏။ မာရ်နတ်သည် အစအဦးကပင် လူသတ်သမားဖြစ်၏။ သူ၌သမ္မာတရားမရှိသောကြောင့် သမ္မာတရား၌မရပ်တည်။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏အဖလည်းဖြစ်သောကြောင့် လိမ်လည်ပြောဆိုသောအခါ မိမိပင်ကိုစရိုက်အတိုင်းပြောဆို၏။
သို့သော် သင်၏မာကျောခက်ထန်မှုနှင့်နောင်တမရသောစိတ်နှလုံးတို့ကြောင့် သင်သည် အမျက်တော်နေ့တည်းဟူသော ဘုရားသခင်၏ဖြောင့်မတ်သည့် တရားစီရင်ခြင်းထင်ရှားရာနေ့အတွက် အမျက်တော်ကို မိမိအဖို့သိုမှီးလျက်ရှိ၏။
အကြောင်းမူကား ငါတို့သည် အသွေးအသားရှိသောသူကို ရင်ဆိုင်တိုက်ခိုက်နေကြသည်မဟုတ်။ အုပ်ချုပ်မှုများ၊ အာဏာစက်များ၊ ဤလောကီမှောင်မိုက်ခြင်းကို အစိုးတရပြုသောမင်းများ၊ အထက်ကောင်းကင်အရပ်၌ရှိသည့် ဆိုးညစ်သောဝိညာဉ်တန်ခိုးများနှင့် ရင်ဆိုင်တိုက်ခိုက်နေကြခြင်းဖြစ်၏။
တရားစီရင်ခြင်းကိုလည်းကောင်း၊ ဆန့်ကျင်သောသူတို့ကိုဝါးမျိုမည့် အမျက်တော်မီးကိုလည်းကောင်း ကြောက်ရွံ့လျက် စောင့်နေကြရန်သာရှိတော့၏။
အကြောင်းမူကား ဘုရားသခင်သည် အပြစ်ပြုသည့်ကောင်းကင်တမန်များကို ညှာတာတော်မမူဘဲ အဝီစိငရဲထဲသို့ ပစ်ချ၍ မှောင်မည်းခြင်း၏သံကြိုးဖြင့် ချည်နှောင်ကာ တရားစီရင်ခြင်းအတွက် ထိန်းသိမ်းထားတော်မူ၏။
သို့ဖြစ်၍ ထာဝရဘုရားသည် ဘုရားဝတ်၌မွေ့လျော်သောသူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းထဲမှ ကယ်နုတ်ရမည်ကိုလည်းကောင်း၊ မဖြောင့်မတ်သောသူတို့ကို တရားစီရင်ရာနေ့ရက်၌ အပြစ်ဒဏ်ခံစေရန်ထိန်းသိမ်းထားရမည်ကိုလည်းကောင်း သိတော်မူ၏။
မိမိတို့အရှက်ကို အမြှုပ်ကဲ့သို့ပေါ်စေသည့် ပြင်းထန်သောပင်လယ်လှိုင်းတံပိုးများ၊ လှည့်လည်သွားလာသော ကြယ်များဖြစ်ကြ၏။ သူတို့အတွက် မှောင်မည်းသောအမှောင်ကို ထာဝရထိန်းသိမ်းထားလျက်ရှိ၏။
သူတို့ကိုလှည့်ဖြားသောမာရ်နတ်သည်လည်း သားရဲနှင့်ပရောဖက်အတုအယောင်တို့ရှိရာ ကန့်နှင့်ရောသောမီးအိုင်ထဲသို့ ပစ်ချခြင်းခံရ၏။ သူတို့သည် ထိုနေရာ၌ နေ့ရောညပါ ကမ္ဘာအဆက်ဆက် ညှဉ်းဆဲခြင်းကိုခံရကြလိမ့်မည်။
သူသည် မာရ်နတ်စာတန်ဖြစ်သည့် ရှေးမြွေဟောင်းတည်းဟူသောနဂါးကိုဖမ်းလျက် အနှစ်တစ်ထောင်ချည်နှောင်ထား၍