ဧလိယက “အစ္စရေးလူမျိုးကို ဒုက္ခပေးသူမှာ ငါမဟုတ်။ ထာဝရဘုရား၏ပညတ်ချက်တို့ကို စွန့်ပယ်ပြီး ဗာလဘုရားနောက်သို့လိုက်သော သင်နှင့်သင့်ဘိုးဘေးတို့၏အမျိုးအနွယ်များပင် ဖြစ်၏။
ယာကုပ် 5:18 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သူသည် နောက်တစ်ဖန် ဆုတောင်းသောအခါ ကောင်းကင်မှမိုးရွာသွန်း၍ မြေသည် အသီးအနှံများကိုဖြစ်ထွန်းစေ၏။ Common Language Bible နောက်တစ်ဖန်ဧလိယဆုတောင်းသောအခါ ကောင်းကင်မှမိုးများရွာချလာသဖြင့် မြေ ဆီလွှာသည်အသီးအနှံများကိုဖြစ်ထွန်း စေ၏။ Garrad Bible ပ ဌ နာ ပြု ပြန် သော် မိုး ရွာ သ ဖြင့် မြေ အ သီး အ နှံ ထွက် လေ၏။ Judson Bible တစ်ဖန် ဆုတောင်းသောအခါ၊ မိုးကောင်းကင်သည် မိုးရွာစေ၏။ မြေကြီးသည်လည်း မိမိအသီးကိုသီးလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း တဖန် သူသည် ဆုတောင်းသောအခါ ဘုရားသခင်သည် ကောင်းကင်မှ မိုးကို ရွာစေတော်မူသဖြင့် မြေကြီးသည် အသီးအနှံတို့ကို ဖြစ်ထွန်းစေ၏။ |
ဧလိယက “အစ္စရေးလူမျိုးကို ဒုက္ခပေးသူမှာ ငါမဟုတ်။ ထာဝရဘုရား၏ပညတ်ချက်တို့ကို စွန့်ပယ်ပြီး ဗာလဘုရားနောက်သို့လိုက်သော သင်နှင့်သင့်ဘိုးဘေးတို့၏အမျိုးအနွယ်များပင် ဖြစ်၏။
လူမျိုးခြားတို့၏ရုပ်တုတို့သည် မိုးကိုရွာစေနိုင်သလော။ ကောင်းကင်သည်လည်း မိုးကိုရွာစေနိုင်သလော။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သာလျှင် တတ်နိုင်တော်မူသည်မဟုတ်လော။ ကိုယ်တော်သည် အလုံးစုံကို တတ်နိုင်တော်မူသည်ဖြစ်၍ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုစောင့်မျှော်ပါ၏။
သို့သော် မိမိအကြောင်းကို သက်သေမခံဘဲနေတော်မူသည်မဟုတ်။ ကိုယ်တော်သည် သင်တို့အတွက် ကောင်းကင်မှမိုးရွာစေတော်မူ၍ အသီးအနှံဖြစ်ထွန်းသော ရာသီတို့ကိုပေးကာ အစာအာဟာရနှင့်ဝမ်းမြောက်ခြင်းတို့ဖြင့် သင်တို့စိတ်နှလုံးကို ပြည့်ဝစေလျက် ကောင်းသောအမှုကို ပြုတော်မူ၏”ဟု အော်ဟစ်ပြောဆိုကြ၏။